Live Score

 

နေမာသည် မက်ဆီနှင့် ရော်နယ်ဒိုထက် ပိုကောင်းနေပြီ

အီတလီလက်ရွေး စင်နှင့် အေစီမီလန်ကစားသမားဟောင်း အလက်ဆန်ဒရိုကော်စတာကူတာက နေမာသည် မက်ဆီနှင့် ရော်နယ်ဒိုတို့ထက် ပိုမိုကောင်းမွန်သော ကစားသမားဖြစ်နေပြီဖြစ်ကြောင်း ပြောကြား သည်။

 

‘‘ကျွန်တော် ယုံကြည်တာ ဒီအခိုက်အတန့်မှာ နေမာက ရော်နယ်ဒိုနဲ့ မက်ဆီတို့ထက် ပိုကောင်းပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်နေပါပြီ’’ ဟု အေစီမီလန် ဂန္ထ၀င်ကစားသမား ကော်စတာကူတာက ဆက်လက်ပြော သည်။    ထို့အပြင်လီဗာပူးကွင်းလယ်လူကော်တင်ဟိုကလည်း နေမာသည် ဘရာဇီးအသင်းအတွက် အရေးကြီးသော ကစားသမားဖြစ်သည်ဟု ပြောကြားသည်။

နေမာသည် အဓိကပွဲများ တွင် အဆုံးအဖြတ်ပေးနိုင်သော   ကစားသမားဖြစ်ပြီး မိမိတို့၏ ဘရာဇီးအသင်းအတွက် အခြေခံ ကျသော ကစားသမားဖြစ်သည် ဟု ကော်တင်ဟိုက ပြောကြား သည်။

နေမာနှင့် တွဲကစားရသည် မှာ အလွန်လွယ်ကူပြီး ၎င်းသည် ပွဲအဖြေကို အလွယ်တကူပြောင်း လဲနိုင်သော ကစားသမားဖြစ် သည်ဟု ကော်တင်ဟိုက ပြော သည်။ ဘရာဇီးသည် ပေါ်လင်ဟို ၏ ဟက်ထရစ်ဂိုးဖြင့် ဥရုဂွေးကို ၄-၁ ဂိုးဖြင့် အနိုင်ရပြီးနောက် ရုန်းကန်နေရသော ပါရာဂွေးနှင့် ပွဲတွင်လည်း နည်းပြတီတိ အနေ ဖြင့် အနိုင်သုံးမှတ်ရရှိမည်ဟု မျှော်လင့်ရသည်။

ဘာစီလိုနာကို ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပထမ အကျော့တွင် ဂိုးပြတ်အနိုင်ရထား ပြီးမှ ပီအက်စ်ဂျီက ဒုတိယအ ကျော့တွင် အံ့အားသင့်ဖွယ်ရာ အ ရှုံးပေးရကာ ပြိုင်ပွဲမှ ထွက်ခဲ့ရ သော ပွဲစဉ်တွင် နေမာနှင့် တစ် ဖက်တစ်သင်းစီယှဉ်ပြိုင်ခဲ့ရသောပီအက်စ်ဂျီနောက်ခံလူ မာကွင် ဟိုက မိမိတို့၏ ဘရာဇီးအသင်း တွင် နေမာကဲ့သို့ ကစားသမား ကောင်းတစ်ဦး ရှိနေခြင်းသည် အမြဲတမ်း ကောင်းသည်ဟု ပြောကြားသည်။

တောင်အမေရိကဇုန် ခြေစစ်ပွဲ ၁၃ ပွဲ ယှဉ်ပြိုင်ပြီးချိန်တွင် ဘရာဇီးက ၃၀ မှတ်ဖြင့် ထိပ်ဆုံးနေရာကို ရယူပြီး ဒုတိယနေရာမှ ဥရုဂွေးကို  ခုနစ်မှတ်၊ တတိယနေရာမှ အာဂျင်တီးနားကို ရှစ်မှတ် ဖြတ်ထားသည်။ စတုတ္ထနေရာမှ ကိုလံဘီယာသည် ၂၁ မှတ်ရထား ပြီး နံပါတ် (၅)နေရာမှ အီကွေဒေါက ၂၀ မှတ်ရထားသည်။