Live Score

 

ယူ-၂၀ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်သို့ အင်္ဂလန်အသင်း တက်ရောက်

 တောင်ကိုရီးယားနိုင်ငံ တွင် ကျင်းပနေသော အသက် (၂၀) အောက်ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အင်္ဂလန်က ကော်စတာရီကာကို ၂-၁ ဂိုးဖြင့်အနိုင်ရရှိပြီး  ကွာတား ဖိုင်နယ်သို့ တက်ရောက်ခဲ့သော် လည်း ဂျာမနီက ဇမ်ဘီယာကို ၄-၃ ဂိုးဖြင့် ရှုံးကာ ပြိုင်ပွဲမှ ထွက် ခဲ့ရသည်။

 

အင်္ဂလန်အသင်းအတွက် ဂိုး များကို အဲဗာတန်တိုက်စစ်မှူး အဒီမိုလာလွတ်မန်းက ပထမပိုင်း နှင့် ဒုတိယပိုင်းတွင် တစ်ဂိုးစီသွင်း ယူခဲ့သည်။ အင်္ဂလန်အသင်းသည် ကွာတားဖိုင်နယ်တွင် ဆီနီဂေါ (သို့မဟုတ်) မက္ကဆီကိုနှင့် ရင် ဆိုင်ရမည် ဖြစ်သည်။

ဇမ်ဘီယာနှင့် ဂျာမနီပွဲတွင် ဂျာမနီက နောက်ကျဂိုးနှစ်ဂိုးဖြင့် အချိန်ပိုအထိ ဆက်ကစားခဲ့သော် လည်း ဇမ်ဘီယာမှ ရှမ်မီက ၁၀၇ မိနစ်တွင် အနိုင်ဂိုးသွင်းယူခဲ့ သည်။ ဇမ်ဘီယာသည် အီတလီ (သို့မဟုတ်) ပြင်သစ်နှင့်တွေ့ဆုံ မည်ဖြစ်သည်။

အခြားပွဲစဉ်တစ်ခုတွင် ဥရု ဂွေးက ဆော်ဒီအာရေးဗီးယားကို တစ်လုံးတည်းသော ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။

ယမန်နေ့က ကစားခဲ့သော ပွဲစဉ်နှစ်ပွဲတွင် ဗင်နီဇွဲလားက ဂျပန်ကို ၁-၀ ဂိုးဖြင့်အနိုင်ရခဲ့ပြီး ပေါ်တူဂီက အိမ်ရှင်တောင်ကို ရီးယားကို ၃-၁ ဂိုးဖြင့်နိုင်ကာ ကွာတားအဆင့်သို့ တက်ရောက် သွားပြီဖြစ်သည်။