Live Score

 

နှစ်ပေါင်း (၅၀)ကျော်အတွင်း ပထမဆုံးအောင်မြင်မှုအဖြစ် အင်္ဂလန်လူငယ်အသင်း ယူ-၂၀ ကမ္ဘာ့ဖလား ဆွတ်ခူး

ဆိုးလ်- တောင်ကိုရီးယားနိုင်ငံ တွင် ကျင်းပသော ယူ-၂၀ ကမ္ဘာ့ ဖလားဗိုလ်လုပွဲ၌ အင်္ဂလန်က ဗင်နီဇွဲလားကို ၁-၀ ဂိုးဖြင့်နိုင်ပြီး ၁၉၆၆ နောက်ပိုင်း ပထမဆုံး အောင်ပွဲအဖြစ် ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့သည်။

 

အဲဗာတန်တိုက်စစ်မှူး ဒိုမီ နစ်ကော်လ်ဗက်လီဝင်၏ ပထမ ပိုင်းသွင်းဂိုးနှင့် ဒုတိယပိုင်းတွင် နယူးကာဆယ်ဂိုးသမား ဖရက်ဒီ ဝု့ဒ်မန်း၏ ပင်နယ်တီကာကွယ် မှုတို့နှင့်အတူ အင်္ဂလန်အသင်း ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။

ကော်လ်ဗက်လီဝင်၏ ညာ ခြေဖြင့် ကန်သွင်းချက်ကို ဗင်နီဇွဲ လားဂိုးသမားပုတ်ထုတ်ရာ ၎င်းကပင် ဘယ်ခြေဖြင့် ထပ်မံကန် သွင်းခဲ့သည်။

ဒုတိယပိုင်းတွင် ကိုင်လီ ဝေါ်လ်ကာပီတာ၏ ကြမ်းတမ်း သော ဖျက်ထုတ်မှုကြောင့် ဒိုင်လူ ကြီး ဘီဂျွန်ကူပါက ဗီဒီယိုအ ထောက်အကူဖြင့် ဗင်နီဇွဲလားကို ပင်နယ်တီ ကန်ခွင့်ပေးခဲ့သော် လည်း အင်္ဂလန်ဂိုးသမား ဝု့ဒ်မန်းကာကွယ်နိုင်ခဲ့သည်။

အရည်အချင်းရှိသော ဗင်နီ ဇွဲလားသည် ကမ္ဘာ့ဖလားဗိုလ်လုပွဲ သို့ ပထမဆုံးအကြိမ် တက် ရောက်နိုင်ခဲ့ပြီး အင်္ဂလန်ကခြေအ သာဖြင့် အနိုင်ရရှိခဲ့သည်။

အင်္ဂလန် လူငယ်အသင်း သည် ယူ-၁၇ ဥရောပချန်ပီယံ ရှစ်ဖလားကို ၂၀၁၀ နှင့် ၂၀၁၄ က နှစ်ကြိမ်ရရှိခဲ့သည်။

ယခင်က ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်၏ အ အောင်မြင်ဆုံး အဆင့်မှာ ၁၉၉၃ က တတိယနေရာ ရရှိခဲ့ခြင်းဖြစ်သည်။

အင်္ဂလန်သည် အုပ်စုအ ဆင့်တွင် အာဂျင်တီးနားကို သုံးဂိုး ပြတ်၊ ကွာတားတွင် မက္ကဆီကို ကို ၁-၀ ဂိုးနှင့် ဆီမီးတွင် အီတလီကို ၁-၀ ဂိုးတို့ဖြင့် ဖြတ်ကျော်ကာ

ဗိုလ်လုပွဲသို့ တက်ရောက်လာ သော အသင်းဖြစ်သည်။

တနင်္ဂနွေနေ့အစောပိုင်းက တတိယနေရာလုပွဲတွင် အီတလီ က ဥရုဂွေးနှင့် ဂိုးမရှိသရေကျပြီး ပင်နယ်တီအဆုံးအဖြတ်ဖြင့် နိုင် ကာ တတိယရခဲ့သည်။ ဗိုလ်လုပွဲ တွင် လက်စွမ်းပြခဲ့သော ဂိုးသမား ဝု့ဒ်မန်းသည် ရွှေလက်အိတ်ဆု ရရှိခဲ့သည်။