Live Score

 

ဂျမေကာကို မော်ရစ်၏ နောက်ကျဂိုးဖြင့်နိုင်ပြီး အမေရိကန် ကွန်ကာကက်ဖ် Gold Cup ဖလားရရှိ

 ဂျော်ဒန်မော ရစ်၏ နောက်ကျအနိုင်သွင်းဂိုးနှင့် အတူ အမေရိကန်က ဂျမေကာကို ၂-၁ ဂိုးဖြင့်နိုင်ပြီး ၂၀၁၇ ကွန် ကာကက်ဖ်ဇုန် Gold Cup ဖလား ရရှိခဲ့သည်။

 


အမေရိကန်တိုက်စစ်မှူး ဂျို ဇီအယ်လ်တီဒိုးက ပထမပိုင်းမပြီး မီ အဖွင့်ဂိုးသွင်းယူခဲ့သော်လည်း မိနစ် ၅၀ တွင် ၀ပ်ဆင်က ဂျမေကာအတွက် ချေပဂိုးသွင်းယူခဲ့ သည်။ အမေရိကန်အတွက် အ နိုင်ဂိုးကို မောရစ်က ၈၈ မိနစ်တွင် သွင်းယူကာ ခြောက်ကြိမ်မြောက် Gold Cup ဖလား ရရှိခဲ့သည်။

အယ်လ်တီဒိုး၏ ယခုသွင်း ဂိုးသည် ကွန်ကာကက်ဖ်ဇုန်ပြိုင်ပွဲ တွင် နှစ်ပွဲအတွင်း ဒုတိယသွင်းဂိုးဖြစ်ပြီး ၎င်းသည် ပြိုင်ဘက်ခံစစ်ကို အကောင်းဆုံးခြိမ်းခြောက်နိုင် သော ကစားသမားဖြစ်သည်။

အယ်လ်အေဂလက်စီအသင်းမှ ဒုတိယသက်တမ်းတွင် ထွက်ခွာကာ အမေရိကန်အသင်းကို  ကိုင်တွယ်နေသည့် နည်းပြ ဘရု့စ်အရီနာသည် စတင်ကိုင်တွယ်သည့် နိုဝင်ဘာနောက်ပိုင်း ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

၁၉၉၁ က ပြိုင်ပွဲစတင်ခဲ့ပြီး ကတည်းက Gold Cup ဖလားကို မက္ကဆီကိုက ခုနစ်ကြိမ်ရရှိထားပြီး အမေရိကန်က ခြောက်ကြိမ်ရရှိ ထားသည်။

ယခုပြိုင်ပွဲတစ်လျှောက် တွင် အမေရိကန်ဂိုးသမားဟောင်းဝပ် (၃၈) နှစ်သည် ပြိုင်ပွဲတစ်လျှောက် ပထမဆုံးဂိုးအဖြစ် ဂျမေကာမှ ၀ပ်ဆင်၏ ချေပဂိုးကို သာ ခွင့်ပြုခဲ့ရပြီး အကောင်းဆုံး လက်စွမ်းပြခဲ့သည်။

အမေရိကန်အသင်းတွင် အတွေ့အကြုံရှိကစားသမားအ ချို့မပါဝင်နိုင်ခဲ့သော်လည်း လွန် ခဲ့သော ခြောက်လကထက် ပို တောင့်တင်းလာသည်။