Login

Live Score

 

မိုနာကိုလူငယ်တိုက်စစ်မှူး မက်ဘီကို ပီအက်စ်ဂျီအသင်းခေါ်ယူ

မိုနာကိုမှ ပြင်သစ်လူငယ် တိုက်စစ်မှူး မက်ဘီကို ပီအက်စ်ဂျီ က ယူရိုသန်း ၁၈၀ ဖြင့် ဝယ်ယူ ရန် သတ်မှတ်ချက်နှင့်အတူ တစ် ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူ ခဲ့သည်။

 

အကယ်၍ ယခုရာသီကုန် တွင် ပီအက်စ်ဂျီက သတ်မှတ် ချက်အတိုင်း ဝယ်ယူခဲ့ပါက ၎င်း သည် လက်ရှိဈေးကွက်စာရင်း များအရ နေမာ၏ ဘာစီလိုနာမှ ပီအက်စ်ဂျီသို့ ပြောင်းရွှေ့မှု ယူရို ၂၂၂ သန်း အောက် ဒုတိယကြေး

အကြီးဆုံးကစားသမားဖြစ်လာ မည်။

မက်ဘီသည် ပြီးခဲ့သည့် ရာ သီက ဥရောပဘောလုံးလောက ၏ ကြယ်ပွင့်သစ်ဖြစ်ခဲ့ပြီး (၁၈)နှစ်သာရှိသေးသော   မက်ဘီသည် မိုနာကိုအတွက် ၄၆ ပွဲ ကစားရာ တွင် ၂၇ ဂိုးသွင်းပြီး ၁၅ ဂိုးဖန်တီး ထားသည်။

ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တွင် ၎င်းသွင်းယူသော ခြောက် ဂိုးနှင့်အတူမိုနာကိုသည် ပြီးခဲ့ သည့် ရာသီက အကြိုဗိုလ်လုပွဲ အဆင့်ထိ တက်လှမ်းနိုင်ခဲ့သည်။

ယင်းကဲ့သို့ ခြေစွမ်းပြသနိုင် ခြင်းကြောင့် ဥရောပထိပ်တန်း အသင်းကြီးများက ၎င်းကို ခေါ်ယူ ရန် စိတ်ဝင်စားခဲ့သည်။ သို့သော် ပီအက်စ်ဂျီက အားလုံးထက် ဦး အောင် မက်ဘီကို ခေါ်ယူနိုင်ခဲ့ သည်။

ထိုအတောအတွင်း ဘရာဇီး ကွင်းလယ်လူ ကော်တင်ဟိုကို ဘာစီလိုနာက ပေါင် ၁၃၈ သန်း ဖြင့် ခေါ်ယူရန် လီဗာပူးနှင့် သ ဘောတူညီမှုရရှိပြီဟု The Sun သတင်းဌာနက ဖော်ပြသည်။

မန်စီးတီးကလည်း အာ ဆင်နယ်မှ ချီလီတိုက်စစ်မှူး ဆန်းချက်ဇ်ကို ပေါင်သန်း ၆၀ ဖြင့် ဝယ်ယူရန် သဘောတူထားသော်လည်း အာဆင်နယ်က ၎င်း ၏ နေရာတွင်အစားထိုးရေး မိုနာကိုတိုက်စစ် မှူး လီမားကိုအရ ခေါ်ပြီးမှ ထွက်  ခွာခွင့်ပြုမည်ဟု ပြောသည်။