Live Score

 

ကမ္ဘာ့ဖလားကို ကမ္ဘာတစ်ဝန်းသို့ သယ်ဆောင်ပြသမှု စတင်

ကမ္ဘာပေါ်တွင် အကြီး ကျယ်ဆုံး ဘောလုံးပြိုင်ပွဲ၏ ကမ္ဘာ့ဖလားကို ကမ္ဘာတစ်ဝန်းသို့ သယ် ဆောင်ပြသရေး အခမ်းအနားကို မော်စကိုမြို့၌ စတင်ပြီး ရုရှား သမ္မတ ဗလာဒီမာပူတင်နှင့် ဖီဖာအကြီးအကဲ ဂျီယန်နီအင်ဖန်တီ နိုတို့ တက်ရောက်ခဲ့သည်။

 

ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပ ရန် ၁၀ လအလိုတွင် မော်စကို မြို့ လုဇနီကီအားကစားကွင်းကြီး ၌ အခမ်းအနား စတင်ခဲ့သည်။ ယင်းဘောလုံးကွင်းတွင် ဗိုလ်လု ပွဲနှင့် အခြားပွဲစဉ် ငါးပွဲကျင်းပ မည်ဖြစ်သည်။

ယင်းအခမ်းအနားသို့ ဘော လုံးကြယ်ပွင့်ဟောင်းများ တက် ရောက်ပြီး ၎င်းတို့ထဲတွင် ဘရာဇီး မှ ဘီဘက်တိုနှင့် ပြင်သစ်တိုက် စစ်မှူး ဒေးဗစ်ထရေဇီဂေးတို့ လည်း ပါဝင်သည်။

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို သတ်မှတ်ထားသော အချိန်တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပမည်ဟု မစ္စတာပူတင်က ကတိပြု ပြောကြားသည်။ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုကလည်း ရုရှားနိုင်ငံ က အမှတ်တရဖြစ်မည့် ကမ္ဘာ့ ဖလားကို ကျင်းပမည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

‘‘၂၀၁၈ မှာ ကမ္ဘာ့ဖလားပြိုင် ပွဲကြီးကို ဒီမှာ ကျင်းပမယ်ဆိုတာ ကျွန်တော်တို့က ရုရှားနဲ့ တစ်ကမ္ဘာ လုံးကို ပြောကြားသွားပါမယ်’’ ဟု မစ္စတာ အင်ဖန်တီနိုက ပြော ကြားသည်။

နာမည်ကျော်ကမ္ဘာ့ဖလား ကို ရုရှားမြို့ကြီး ၂၄ မြို့နှင့် ကမ္ဘာ တစ်ဝန်းနိုင်ငံ  ၅၀ ကျော်သို့ ပရိသတ်များ ကြည့်ရှုနိုင်ရန် လှည့် လည်ပြသမည်ဖြစ်သည်။