Login

Live Score

 

ထိပ်တန်းကလပ်များ ချမ်းသာကြွယ်ဝမှုကွာဟချက် ကြီးမားလာ၍ ယူအီးအက်ဖ်အေ သတိပေး

ဥရောပတွင် နာမည်အ ကျော်ကြားဆုံး ဘောလုံးကလပ် အသင်းများသည် ၎င်းတို့၏ ကမ္ဘာ ကျော်အမှတ်တံဆိပ်များကို အ ခွင့်ကောင်းယူ၍ ပြိုင်ဘက်အ သင်းများထက် ဝင်ငွေရရှိမှု များ ပြားပြီး ပိုမိုချမ်းသာကြွယ်ဝလာ သည်ဟု ဥရောပဘောလုံးအဖွဲ့ ၏ လေ့လာမှုတစ်ရပ်က ဖော်ပြ သည်။

 

ကလပ်အသင်းကြီး ၁၂ သင်းသည် စပွန်ဆာပေးခြင်းနှင့် စီးပွားရေးသဘောတူညီချက်များ ဆွဲ ဆောင်ရန် အကောင်းဆုံးနေရာ ရထားပြီး ယင်းမှာ ပြည်တွင်း ထုတ်လွှင့်ပြသခွင့်နှင့် ယူအီး အက်ဖ်အေဆုကြေးထက် ဝင်ငွေ ပိုရနေသည်။

ထိပ်သီးကလပ်များ၏ ဝင် ငွေတိုးပွားလာနေစဉ် ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) အနေဖြင့် သတိရှိရမည်ဖြစ်ကာ မိမိတို့ တန်ဖိုးများအပေါ် မျက်ခြည်မ ပြတ်ရှိရမည်ဟု ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ အလက်ဆန်းဒါးစီဖီရင်က ပြောသည်။

ဂလိုဘယ်လိုက်ဇေးရှင်းနှင့် နည်းပညာခေတ်အပြောင်းအလဲ များကြောင့် ဘဏ္ဍာရေးကွာဟ ချက် ကြီးမားလာသော်လည်း ဘောလုံးအားကစား၌ ယှဉ်ပြိုင် နိုင်စွမ်း မြင့်မားမှု ဆက်လက်ရှိစေရေး ယူအီးအက်ဖ်အေက သေ ချာအောင် လုပ်ဆောင်ရမည်ဟု စီဖီရင်က လေ့လာမှုအမှာစာတွင် ပြောသည်။

ယူအီးအက်ဖ်အေ၏ ၁၂၆ မျက်နှာပါ သုတေသနစာတမ်းကို ယမန်နေ့က ထုတ်ပြန်ခဲ့ပြီး ၂၀၁၆ တွင် မန်ယူ အသင်းက ဝင်ငွေယူရို ၆၈၉ သန်းရခဲ့ပြီး ထိပ်ဆုံး၌ ရပ် တည်နေသည်။

စုစုပေါင်း ၄၈ သင်းသည် ဝင်ငွယူရိုသန်း ၁၀၀ အထက်ရခဲ့ ပြီး နံပါတ် (၃၀)နေရာရှိ အက်စ တွန်ဗီလာအပါအဝင် ထိပ်ဆုံး ၃၀ သင်း၏ ဝင်ငွေသည် ယူရို ၉ ဒသမ၁ ဘီလီယံရှိကာ အခြားအသင်း ပေါင်း ၆၅၁ သင်း၏ ဝင်ငွေနှင့် ညီမျှလုနီးပါးဖြစ်နေသည်။

ဥရောပဘောလုံးအဖွဲ့ချုပ် သည် ဘဏ္ဍာရေးမျှတစွာ ကစား ရေး (FFP) အစီအစဉ်ကို ခက်ခဲချိန်၂၀၀၉ ကစ၍ ၎င်းတို့၏ နှစ်စဉ် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။