Live Score

 

ဘယ်လ်ဂျီယံ နည်းပြအဖွဲ့ဝင် ဖြစ်လာခဲ့သည့် အွန်နရီ

အာဆင်နယ် တိုက်စစ်မှူးဟောင်း အွန်နရီသည် နည်းပြ မာတီနက်ဇ် ကိုင်တွယ်နေသည့် ဘယ်လ်ဂျီယံ အသင်း၏ နည်းပြ အဖွဲ့တွင် ပူးပေါင်း ပါဝင်ခဲ့ကြောင်း သိရသည်။

Read more: ဘယ်လ်ဂျီယံ နည်းပြအဖွဲ့ဝင် ဖြစ်လာခဲ့သည့် အွန်နရီ

ရီယိုအိုလံပစ် ပြိုင်ပွဲတွင် ရဲထံလိမ်ညာ သတင်းပို့သည့် အမေရိကန် ရေကူးသမားကို စွဲချက်တင်

ရီယိုအိုလံပစ် ပြိုင်ပွဲကာလ အတွင်း ဓာတ်ဆီဆိုင် တစ်ဆိုင်တွင် သေနတ်ဖြင့် အချိန်ခံရပြီး ငွေတောင်းခံ ခဲ့ရသည်ဟု မီဒီယာနှင့် ဘရာဇီး ရဲတပ်ဖွဲ့တို့အား ချဲ့ကား ပြောပြခဲ့သည့် အမေရိကန်ရေကူး သမားရိုင်ယန်လော့ခ်ျတီကို စွဲချက် တင်ခဲ့သည်။


၎င်းပြောဆိုခဲ့သည့် ဖြစ်ရပ်ကို စုံစမ်းမှုနှင့် ပတ်သက်၍ ထွက်ချက်ပေးရန် ဆင့်ခေါ်ခဲ့သည်ဟု ဘရာဇီး တရားရေးဌာနက အတည်ပြု ပြောကြားခဲ့သည်။ ရိုင်ယန် လော့ခ်ျတီသည် အမေရိကန် ပြည်ထောင်စုတွင် ထွက်ချက်ပေးရမည်ဖြစ်ပြီး ထွက်ချက်၏ အချက်အလက်များကို ဘရာဇီးသို့ လွှဲပြောင်း ပေးပို့မည်ဖြစ်သည်။

ဘရာဇီး ရုပ်သံလိုင်း Globoတွင် လော့ခ်ျတီ၏ ဇာတ်လမ်းသည် အလွန်ချဲ့ကား ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ထုတ်လွှင့်ခဲ့ပြီးနောက် ၄င်းစွဲချက်တင်သည့် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။

၎င်းနှင့် အခြားရေကူးသမား သုံးဦးတို့ ရီယိုတွင် ပါတီပွဲတစ်ခု တက်ပြီး ပြန်လာချိန်တွင် ဓာတ်ဆီ ဆိုင်တစ်ဆိုင်၌ ၄င်းတို့ကို ၀တ်စုံ ၀တ်ထားသူတို့က သေနတ်နှင့် ခေါင်းကိုချိန်ပြီး ငွေတောင်းခဲ့သည်ဟူ၍ လော့ခ်ျတီက ရုပ်သံမီဒီယာ တစ်ခုကို ချဲ့ကားပြောကြားခဲ့သည်ဟု ဆိုသည်။ 

ဘရာဇီးရဲတပ်ဖွဲ့က လော့ခ်ျတီ၏ ပြောကြားချက်သည် ချဲ့ကား ပြောကြားခဲ့ခြင်းဖြစ်ပြီး ၄င်းတို့ကို လုယက်ခြင်း မရှိခဲ့ကြောင်း ပြောသည်။ ၄င်းရေကူးသမားများသည် ဓာတ်ဆီဆိုင်၏ ရေအိမ်ကို ဖျက်ဆီးသွားခဲ့ကြသောကြောင့် လုံခြုံရေး အစောင့်က လျော်ကြေး တောင်းခံခဲ့ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

ဘရာဇီး ရဲတပ်ဖွဲ့က လော့ခ်ျတီနှင့် အခြားရေကူးသမားတို့ကို ရဲထံလိမ်ညာထွက်ဆိုမှုဖြင့် တရား စွဲသင့်ကြောင်း ပြောကြားခဲ့သည်။ စွဲချက်တွင် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၈ လ ကျခံနိုင်ရသည်ဟု သိရသည်။

ဂျာမနီကိုနိုင်ပြီး ဘရာဇီးတို့ အိုလံပစ်ဘောလုံး ရွှေတံဆိပ်ဆွတ်ခူး

လွန်ခဲ့သည့် နှစ်နှစ်က ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် လက်ခံ ကျင်းပစဉ် ဂျာမနီကို ၇-၁ ဂိုး ဖြင့် ရှုံးနိမ့်ပြီး အရှက်ရခဲ့သော ဘရာဇီးသည် ရီယိုအိုလံပစ်ပြိုင်ပွဲတွင်မူ မိမိတို့၏ ပရိသတ်ရှေ့၌ ဂျာမနီကို ပင်နယ်တီ ကစားပြီး အနိုင်ရ ရွှေတံဆိပ်ဆွတ်ခူးခဲ့သည်။

Read more: ဂျာမနီကိုနိုင်ပြီး ဘရာဇီးတို့ အိုလံပစ်ဘောလုံး ရွှေတံဆိပ်ဆွတ်ခူး

ဒေါ်လာသန်း ၈၀၀ ကျော်သုံးပြီး ကမ္ဘာ့ထိပ်တန်း အေစီမီလန် ကလပ်ကို ၀ယ်ယူနိုင်သည့် တရုတ် ရင်းနှီးမြှုပ်နှံသူများ

ကမ္ဘာ့ဘောလုံး လောကတွင် နာမည်ကြီး ထိပ်တန်းကလပ် အသင်းတစ်သင်းဖြစ်သည့် အီတလီ စီးရီးအေမှ အေစီမီလန် အသင်းကို ဒေါ်လာသန်း ၈၂၅.၈ သန်းဖြင့် ၀ယ်ယူရန် တရုတ်ရင်းနှီးမြှုပ်နှံသူများက ကလပ်အသင်းပိုင်ရှင် ဘာလူစကိုနီနှင့် အကြိုသဘောတူ စာချုပ်ချုပ်ဆိုခဲ့သည်။

Read more: ဒေါ်လာသန်း ၈၀၀ ကျော်သုံးပြီး ကမ္ဘာ့ထိပ်တန်း အေစီမီလန် ကလပ်ကို ၀ယ်ယူနိုင်သည့် တရုတ်...

ဆွဲဆောင်မှုအရှိဆုံး အားကစားမယ် ၅၀ ဦးထဲမှ ငါးဦး

ဂျက်ဆီကာအင်းနစ်  (ပြေးခုန်ပစ်)

ဂျက်ဆီကာအင်းနစ်သည် ဗြိတိန် ပြေးခုန်ပစ်မယ် တစ်ဦးဖြစ်သည်။ ၂၀၁၂ အိုလံပစ်ပြိုင်ပွဲ ခုနစ်မျိုးစုံ ပြိုင်ပွဲတွင် ရွှေဆုရခဲ့သည်။

Read more: ဆွဲဆောင်မှုအရှိဆုံး အားကစားမယ် ၅၀ ဦးထဲမှ ငါးဦး