Live Score

 

ကိုပါအမေရိကဖလား ပြိုင်ပွဲတွင် ကိုလံဘီယာအသင်း နာမည်စာလုံးပေါင်းမှား၍ ကြော်ငြာခဲ့မိသည့် Addias ကုမ္ပဏီ

နာမည်ကြီး အားကစားပစ္စည်း ထုတ်လုပ်သော ဂျာမန်ကုမ္ပဏီဖြစ်သည့် Addias သည် ကျင်းပလျက် ရှိသော ကိုပါအမေရိကဖလား ဘောလုံးပြိုင်ပွဲတွင် ၄င်းကုမ္ပဏီ၏ ဈေးကွက်မြှင့်တင်ရေး ကြော်ငြာ တစ်ခုတွင် ကိုလံဘီယာအသင်း၏ နာမည်ကို စာလုံးပေါင်းမှားယွင်း ဖော်ပြမိခဲ့သည်။

Read more: ကိုပါအမေရိကဖလား ပြိုင်ပွဲတွင် ကိုလံဘီယာအသင်း နာမည်စာလုံးပေါင်းမှား၍ ကြော်ငြာခဲ့မိသည့် Addias ကုမ္ပဏီ

ယူရိုပြိုင်ပွဲတွင် ဂျာမနီအသင်း အကောင်းဆုံး အခွင့်အရေးရှိပြီး စပိန်အသင်း အကောင်းဆုံး ခြေစွမ်းပြလိမ့်မည်ဟု ပီလီသုံးသပ်

အခုယှဉ်ပြိုင် ကစားနေသည့် ၂၀၁၆ ယူရိုပြိုင်ပွဲတွင် ဂျာမနီအသင်းဟာ ဗိုလ်စွဲရန် အကောင်းဆုံး အခွင့်အရေးရှိနေပြီး စပိန်အသင်း အနေဖြင့်လည်း ခြေစွမ်းပြလိမ့်မည်ဟု ဘရာဇီး ဂန္ဓ၀င် ကစားသမားဟောင်း ပီလီက သုံးသပ်ပြောကြားသည်။ ပီလီအနေဖြင့် ယူရို ၂၀၁၆ ပြိုင်ပွဲတွင် သရုပ်ပြကစားရန် ပြင်သစ်ကို ရောက်ရှိ နေစဉ်သုံးသပ်ပြောကြားခဲ့တာ ဖြစ်သည်။

Read more: ယူရိုပြိုင်ပွဲတွင် ဂျာမနီအသင်း အကောင်းဆုံး အခွင့်အရေးရှိပြီး စပိန်အသင်း အကောင်းဆုံး...

ရုရှား - အင်္ဂလန်ဘောလုံး ပရိသတ်အကြား ခိုက်ရန်ဖြစ်မှုကြောင့် ဗြိတိန်နိုင်ငံသားများ ဆေးရုံရောက်

နိုင်ငံတကာ ဘောလုံးပြိုင်ပွဲ လောကတွင် အင်္ဂလန် ပရိသတ်ဆိုသည်မှာ နာမည်ဆိုးနှင့် နာမည်ကြီးခဲ့သည့် သာဓကများကို တစ်ချိန်ကရှိခဲ့သော အဖြစ်အပျက်များက ဖော်ပြခဲ့ကြသည်။ ယခုအချိန်တွင်တော့ ၄င်းတို့နေရာကို ယူမည့်ပြိုင်ဖက် ပရိသတ်အုပ်စု ပေါ်ထွက်လာခဲ့ပြီးဟု ထင်မှတ်ယူစရာ ဖြစ်ခဲ့သည့် ဖြစ်ရပ်မှာ ကျင်းပနေသည့် ယူရို ၂၀၁၆ ပွဲတွင် အင်္ဂလန်နှင့် ရုရှားပွဲ မတိုင်မီနှင့် ပွဲကျင်းပသည့် အချိန်တို့တွင် ဖြစ်ပေါ်လာခဲ့သည်။

Read more: ရုရှား - အင်္ဂလန်ဘောလုံး ပရိသတ်အကြား ခိုက်ရန်ဖြစ်မှုကြောင့် ဗြိတိန်နိုင်ငံသားများ ဆေးရုံရောက်

အင်္ဂလန်တိုက်စစ် အတွဲကို ရေရှည်စောင့်ကြည့်စေလိုကြောင်း ဟာရီကိန်း တောင်းဆို

အင်္ဂလန်တိုက်စစ်အတွဲ ဖြစ်သော ရွန်းနီ၊ ဗာဒီနှင့် ဟာရီကိန်းတို့ သုံးဦးသည် ပေါ်တူဂီနှင့် ခြေစမ်း ကစားပွဲတွင် အခွင့်အရေး အနည်းငယ်သာ ဖန်တီးနိုင်ခဲ့သောကြောင့် ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် တိုက်စစ်မှူး ဟာရီကိန်းက ၄င်းတို့သုံးဦး တိုက်စစ်အတွဲကို ရေရှည် စောင့်ကြည့်စေလိုကြောင်း ပြောခဲ့သည်။

Read more: အင်္ဂလန်တိုက်စစ် အတွဲကို ရေရှည်စောင့်ကြည့်စေလိုကြောင်း ဟာရီကိန်း တောင်းဆို

အပြောင်းအရွှေ့သတင်းများ

- မန်စီးတီးအသင်း၏ နည်းပြဖြစ်လာမည့် ဂွာဒီယိုလာသည် မန်စီးတီးအသင်းကို လာမည့်ရာသီတွင် ပိုမိုတောင့်တင်းသည့် အသင်းတစ်သင်း ဖြစ်ရန်အတွက် အသင်းကို အင်အားဖြည့်ရန် အာဆင်နယ်အသင်းမှ ၀ီရှယ်ယား၊ အလက်ဆစ်ဆန်းချက်နှင့် စပါးအသင်းက ဒန်နီရိုစ်တို့ကို ခေါ်ယူမည်ဟု အင်္ဂလန်သတင်းစာ The Mirrior တွင် ဖော်ပြထားချက်အရ သိရသည်။ အသင်း၏ အလယ်တန်းနှင့် နောက်တန်းကို အားဖြည့်ရန်အတွက် အခုလို ရဲတင်းလှစွာသော ကမ်းလှမ်းမှုများကို မန်စီးတီး၏ ပြိုင်ဘက်အသင်းများထံကို ပြုလုပ်ရန် ဂွာဒီယိုလာ စဉ်းစားနေသည်ဟု ဆိုသည်။

Read more: အပြောင်းအရွှေ့သတင်းများ