Live Score

 

အယ်လ်ဂလက်စီကိုပွဲက ဖလားအဆုံးအဖြတ်မဟုတ်ဟု ဇီဒန်းပြောကြား

 ယနေ့ညတွင် မဟာ ပြိုင်ဘက် ဘာစီလိုနာနှင့် တွေ့ဆုံ မည့် အယ်လ်ဂလက်စီကိုပွဲသည်လာလီဂါဖလားအတွက် အဆုံး အဖြတ်ဖြစ်နိုင်သည်ဆိုသော ပြောဆိုမှုများကို ရီးရဲလ်မက်ဒရစ် နည်းပြဇီဒန်းက ပယ်ချခဲ့သည်။

ရီးရဲလ်သည် လက်ရှိတွင် လာလီဂါထိပ်ဆုံး၌ ဘာစီလိုနာ ကို သုံးမှတ်ဖြတ်ထားပြီး လက် ကျန်တစ်ပွဲလည်း ရှိနေသေးရာ ဘာကာနှင့်ပွဲ အနိုင်ရရှိပါက ၂၀၁၂ နောက် ပထမဆုံးလာလီဂါ ချန်ပီယံဖြစ်ရန် အလွန်အလား အလာကောင်းမည် ဖြစ်သည်။

 

ဇီဒန်းကမူ ရှေ့သို့ မျှော်ကြည့်ရန် ငြင်းဆန်နေပြီး ယခုပွဲသည် ချန်ပီယံဖြစ်ရေးအပေါ် ကြီးမား သော သက်ရောက်မှု မရှိနိုင်ဟု ပြောကြားသည်။

‘‘ဒီပွဲဟာ ဖလားရဖို့ အဆုံး အဖြတ်ပွဲမဖြစ်နိုင်ပါဘူး။ စုစု ပေါင်း ခုနစ်ပွဲကစားဖို့ ကျန်သေး တယ်။ အားလုံးဟာ အရေးကြီးပါ တယ်။ မနက်ဖြန် ပွဲကြီးတစ်ပွဲရှိ တယ်။ အဲဒီအတွက်လည်း ကျွန် တော်တို့ အာရုံစိုက်ထားတယ်။ ဒါပေမဲ့ ဒီပွဲကနေပြီး ဘယ်သူ ချန်ပီယံဖြစ်မလဲ ဆုံးဖြတ်ပေးမှာ မဟုတ်ပါဘူး’’ဟု ဇီဒန်းက ပြော ကြားသည်။ ဘာကာနှင့်ပွဲတွင် ဂါရတ်ဘေးလ်ပြန်ပါလာမည်ဟု ဇီဒန်းက အတည်ပြုပြောကြား သည်။ သို့သော် ဘိုင်ယန်နှင့် ချန် ပီယံလိဂ်ပွဲတွင် ဟက်ထရစ်သွင်း ယူခဲ့သော ရော်နယ်ဒိုကို လူတိုင်း က စောင့်ကြည့်နေကြလိမ့်မည် ဟု ဇီဒန်းက ပြောကြားပြီး ပေါ်တူ ဂီတိုက်စစ်မှူး ခြေစွမ်းပြလိမ့် မည်ဟု မျှော်လင့်ကြောင်း ပြော သည်။

ထိုအတောအတွင်း မိမိတို့ ၏ လာလီဂါချန်ပီယံဖြစ်ရေး မျှော် လင့်ချက်များ ဆက်လက်ရှင်သန် နိုင်ရန် ရီးရဲလ်နှင့် ပွဲကို မဖြစ်မနေ အနိုင်ကစားရမည်ဟု ဘာကာနည်းပြ အင်းနရစ်က အသင်းသား များအား ပြောကြားသည်။

‘‘ကျွန်တော်တို့ ပုံစံအတိုင်း ကစားဖို့ ရည်ရွယ်ပါတယ်။ နိုင်ပွဲ ကလွဲလို့ တခြားရလဒ်တွေဟာ ကျွန်တော်တို့အတွက် မကောင်း ပါဘူး’’ဟု အင်းနရစ်က ပြော ကြားပြီး ယခုပွဲစဉ်ရလဒ်သည် ချန် ပီယံဖြစ်ရေး အဆုံးအဖြတ်ပေး နိုင်ပြီး အခြားအသင်းများအတွက် ချန်ပီယံဖြစ်ရေး လမ်းပွင့်သွား စေနိုင်သောပွဲလည်း ဖြစ်သည်ဟု၂ နှစ်ဆက်တိုက် ဘာကာနှင့် အတူ လာလီဂါချန်ပီယံရယူခဲ့သောအင်းနရစ်က ပြောသည်။