Live Score

 

မက်ဒရစ်ဒါဘီပွဲတွင် ရီးရဲလ်၌ ဘေးလ်၊ ပီပီနှင့် ကွန်ထရာအိုတို့ မပါဝင်နိုင်

ဗုဒ္ဓဟူးနေ့နံနက်အ စောပိုင်း၌ယှဉ်ပြိုင်ရမည့် ချန်ပီယံ လိဂ်ဆီမီးဖိုင်နယ် မက်ဒရစ်ဒါဘီ ပွဲတွင် ရီးရဲလ်၌ ဂါရတ်ဘေးလ်၊ ပီပီနှင့် ကွန်ထရာအိုတို့ ပါဝင်နိုင် မည်မဟုတ်ဘဲ အစ္စကိုကို ထည့်သွင်းကစားမည်ဟု ရီးရဲလ်နည်းပြ ဇီဒန်းက ပြောကြားသည်။

 

ချန်ပီယံလိဂ်ရှုံးထွက်အဆင့် သို့ လေးနှစ်ဆက်တိုက် ရောက်ရှိ လာသော အက်သလက်တီကို သည် အေစီမီလန်၊ ချယ်လ်ဆီး၊ ဂျူဗင်တပ်နှင့် ဘိုင်ယန်တို့ကဲ့သို့ ကစားရခက်သော အသင်းများကို အနိုင်ယူခဲ့ပြီး ဘာကာကို နှစ် ကြိမ်နိုင်ခဲ့သော်လည်း ရီးရဲလ်နှင့် ဆုံတွေ့မှု၌ အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ သည်။

အက်သလက်တီကိုအနေ ဖြင့် မိမိတို့ကို အနိုင်ယူရန် အလွန်ဆန္ဒပြင်းပြနေလိမ့်မည်ဟု ရီးရဲလ်နောက်ခံလူ မာဆယ်လိုက ပြောကြားသည်။

ရီးရဲလ်ကွင်းတွင် ယှဉ်ပြိုင်ရ မည့် ပထမအကျော့ပွဲ၌ အက်သ လက်တီကိုက ရီးရဲလ်ကို လက်စားချေရန် ကြိုးပမ်းမည်ဖြစ်သည်။

သို့သော်အက်သလက်တီကို တွင် ဂျီမီနက်ဇ်ဒဏ်ရာကြောင့် ပါဝင်နိုင်မည်မဟုတ်ဘဲ ဟွန်ဖရန် နှင့် ဗာဆာကိုတို့လည်း မပါဝင်နိုင်ဖြစ်နေရာ ညာနောက်ခံလူနေရာအတွက် ပြဿနာရှိနေသည်။

ကော်စတာရီကာဂိုးသမား ကေလာနာဗတ်သည် ရီးရဲလ်တွင် တစ်ပွဲလျှင် ၁ ဒသမ ၂၈ ဂိုးနှုန်းခွင့်ပြုထားရသည်။

ပီပီမပါဝင်သော ရီးရဲလ် နောက်တန်းကို ဂရစ်ဇ်မန်းနှင့် ဂါမီရိုတို့ ဦးဆောင်သော တိုက်စစ်က ဒုက္ခပေးနိုင်သည်။ ရီးရဲလ် သည် ပွဲတိုင်းနီးပါး ပေးဂိုးရှိနေ သည်။

အက်သလက်တီကို တိုက် စစ်မှူး ဂရစ်ဇ်မန်းက ယခုယှဉ်ပြိုင်ရမည့် ပထမအကျော့တွင်  ရလဒ် ကောင်းမည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။ ဒုတိယအကျော့ ကို မေလ ၁၀ ရက်တွင် အက်သ   လက်တီကိုအိမ်ကွင်း၌ ယှဉ်ပြိုင်ရ မည်ဖြစ်သည်။

ပထမအကျော့ပွဲတွင် မိမိတို့အနေဖြင့် ဂိုးလွယ်လွယ်ပေးရလိမ့်မည်ဟု မထင်ကြောင်းနှင့် မိမိတို့အသင်း ပေးဂိုးများသည်မှာ အမှန်ဖြစ်သည်ဟု ဇီဒန်းက ပြောကြားသည်။ သို့သော်ယင်းပွဲတွင် ပေးဂိုးမရှိရန် အာမမခံနိုင်ဟု ဇီဒန်းက ဆိုသည်။