Live Score

 

နောက်ဆုံးအချိန်အထိ စောင့်ကြည့်ရမယ့် လာလီဂါ ချန်ပီယံဆုရွေးပွဲ

၂၀၁၆-၁၇ ဥရောပ ဘော လုံးရာသီ အဆုံးသတ်ကာလ နီးကပ်လာပြီဖြစ်သလို စပိန် လာလီဂါပြိုင်ပွဲရဲ့ အခြေအနေကလည်း အရှိန်အမြင့်ဆုံး ဖြစ်လာပါပြီ။ လက်ရှိ အမှတ်ပေးဇယား ရပ်တည်မှုအခြေအနေတွေအရ ချန်ပီယံဆုဟာ စပိန်ဘီလူးကြီးတွေဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ တစ်သင်းသင်းလက် ကိုပဲ ရောက်ရှိမယ်ဆိုတာ မြင်သာနေပါပြီ။

 

ဘာစီလိုနာဟာ လာလီဂါပြီး ဆုံးဖို့ တစ်ပွဲအလိုမှာ ရမှတ် ၈၇ မှတ်နဲ့ ဇယားထိပ်မှာ ဦးဆောင် ရပ်တည်နေပါတယ်။ ရီးရဲလ်မက် ဒရစ်ကတော့ ဘာစီလိုနာနဲ့ ရမှတ် တူပေမယ့် ထိပ်တိုက်တွေ့ဆုံမှု သတ်မှတ်ချက်အရ ဒုတိယ
နေရာမှာ ရှိနေတယ်။ ပြီးတော့ နည်းပြ ဇီဒန်း ကိုင်တွယ်တဲ့ အသင်းဟာ လက်ကျန်တစ်ပွဲကစားဖို့ ရှိနေ သေးတာကြောင့် ဘာစီလိုနာကို ကျော်တက်ဖို့ မျှော်လင့်ခွင့် အား ကောင်းနေတုန်းပါ။

အခြေအနေအရ ရီးရဲလ်ဟာ လက်ကျန်နှစ်ပွဲစလုံး အနိုင်ရခဲ့ရင် တော့ ဘာစီလိုနာရဲ့ ရလဒ်ပိုင်းကို ထည့်တွက်စရာမလိုဘဲ သေချာ ပေါက် ချန်ပီယံ ဖြစ်လာပါလိမ့် မယ်။ ဒါမှမဟုတ် တစ်ပွဲသရေကျ ပြီး တစ်ပွဲနိုင်ခဲ့ရင်လည်း
ချန်ပီယံ ဖြစ်မှာပါ။ ဒါပေမဲ့ တစ်ပွဲရှုံးလိုက် တာနဲ့ တစ်ဖက်မှာ ဘာစီလိုနာက အနိုင်ရသွားခဲ့မယ်ဆိုရင် ရီးရဲလ် တို့ ချန်ပီယံအိပ်မက် ပျက်စီးသွား ပါလိမ့်မယ်။

ရမှတ်တူပြီး တစ်ပွဲလျော့ ကစားထားတဲ့ အနေအထားက ရီး ရဲလ်အတွက် အသာစီး အခြေအ နေဖြစ်နေတာ အမှန်ပါပဲ။ ဒါပေမဲ့ ရီးရဲလ်အတွက် ပိုပြီးခက်ခဲတဲ့ အ ခြေအနေက လက်ကျန် နှစ်ပွဲစလုံး အဝေးကွင်းမှာ ကစားရမှာ
ဖြစ်ပါ တယ်။ ပြီးတော့ ကြားရက်မှာ တစ်ပွဲကစားရမှာ ဖြစ်တာကြောင့် ပွဲပိုကျပ်တယ်။ ကြားရက်မှာ ကစားမယ့် ဆယ်လ်တာဗီဂိုဟာ အိမ်ကွင်း ခံကန်အားကောင်းပြီး ဘာစီလိုနာနဲ့ ဗလင်စီယာလို အ သင်းကောင်းတွေကို အနိုင်ယူပြ ထားပါတယ်။ ရာသီပိတ် ပွဲစဉ်အ ဖြစ် ကစားရမယ့် မာလာဂါက လည်း လာလီဂါ နောက်ဆုံး ခုနစ် ပွဲမှာ ခြောက်ပွဲနိုင်ထားတယ်။ အိမ်ကွင်းမှာ ဘာစီလိုနာကို ၂-၀ ဂိုးနဲ့ အနိုင်ယူပြထားတယ်။ ဒီအ ခြေအနေတွေက ရီးရဲလ်
အတွက် စိုးရိမ်စရာပါပဲ။

ပြီးတော့ ရီးရဲလ်ဟာ ဂျူဗင် တပ်အသင်းနဲ့ ဥရောပ ချန်ပီယံ လိဂ် ပွဲစဉ်အတွက်လည်း ပြင်ဆင် ရမယ့် အပိုင်းတွေ ရှိနေပါသေး တယ်။ ဘာစီလိုနာကလည်း ကိုပါ ဒယ်လ်ရေး ဗိုလ်လုပွဲရှိပေမယ့် ရီးရဲလ်ရဲ့ အနေအထားက ဖိအား ပိုများတယ်။ ဘာစီလိုနာကတော့ လာလီဂါနောက်ဆုံးပွဲစဉ်ကို အိမ်ကွင်းမှာ အီဘာနဲ့ ကစားမှာ ဖြစ်ပါတယ်။ အီဘာအတွက် ဒီပွဲဟာ ဘာမှ မျှော်လင့်စရာမရှိတဲ့အတွက် မှတ်တမ်းသက်သက် ကစားမယ့် သဘောပါ။

ရီးရဲလ်ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်း တွေအတွင်း ဥရောပ ချန်ပီယံဆု ကို တစ်နှစ်ခြား ရယူခဲ့သလို ဒီနှစ် မှာလည်း ဗိုလ်လုပွဲ တက်ရောက် လာတဲ့အတွက် လေးနှစ်အတွင်း သုံးကြိမ်မြောက် ချန်ပီယံလိဂ် သရဖူကို မျှော်လင့်ခွင့် ရှိနေပါ တယ်။ ဒါပေမဲ့ လာလီဂါမှာတော့ ပြီးခဲ့တဲ့ ငါးနှစ်လုံးလုံး ဗိုလ်မစွဲနိုင် ဘဲ ရုန်းကန်ခဲ့ရတာကြောင့် အခု နှစ်မှာတော့ ချန်ပီယံဆုအတွက် အသည်းအသန် ကြိုးစားနေပါ တယ်။

လက်ရှိ အခြေအနေအရ တော့ ရီးရဲလ်မှာ ဒဏ်ရာပြဿနာ တချို့ ဖိစီးမှုရှိနေတဲ့တိုင် နည်းပြ ဇီဒန်းဟာ အသင်းကို ပုံမပျက် အောင် ထိန်းထားနိုင်ဆဲပါ။ ဒါ့အ ပြင် အဓိက ကစားသမား ရော် နယ်ဒိုရဲ့ ထက်မြက်တဲ့ တိုက်စစ်
စွမ်းဆောင်ရည်တွေကလည်း အ သင်းကို အခက်အခဲကြားကနေ အကြိမ်ကြိမ် ကယ်တင်ပြနေပါ တယ်။

ဘာစီလိုနာကတော့ ပြိုင် ဘက်ရဲ့ ရလဒ်ကိုစောင့်ရင်း ကိုယ် လုပ်စရာရှိတာကို အကောင်းဆုံး လုပ်ရုံပါပဲ။ လက်ရှိ အခြေအနေ အရ ရီးရဲလ်က မျှော်လင့်ခွင့် ပို သာပေမယ့် ဘာစီလိုနာက ဖိအား ပိုကင်းနေပါတယ်။ ရီးရဲလ်ဟာ
နောက်ဆုံးပွဲစဉ်တွေမှာ အ ကောင်းဆုံး မကစားနိုင်ရင်တောင် အမှားအနည်းဆုံး ကစားဖို့ အ ရေးကြီးပါတယ်။ ချန်ပီယံဆုအ တွက် ကြမ်းတမ်းခက်ထန်တဲ့ အ ရည်အချင်း စစ်ဆေးမှုတွေကို ကိုင်တွယ်နိုင်စွမ်းအားနည်းခဲ့ရင်
တော့ ငါးနှစ်အတွင်း ပထမဆုံး ပြန်လည် နီးစပ်လာတဲ့ လာလီဂါ ဆုဖလားဟာ နူးကမ့်မှာပဲ ပြန် ကွန်းခိုပြီး ရီးရဲလ်အတွက် ခါးသီး မှုတွေ ရိုက်ခတ်လာမှာ သေချာ ပါတယ်။