Live Score

 

ဆဲယ်လ်တာဗီကို ဂိုးပြတ်နိုင်ပြီးနောက် လာလီဂါဖလားဆွတ်ခူးရန် ရီးရဲလ်တစ်မှတ်သာလို

မက်ဒရစ်- ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒို၏ သွင်းဂိုးနှစ်ဂိုးနှင့် အတူ ရီးရဲလ်က ဆယ်လ်တာဗီဂိုအိမ်ကွင်းတွင် ၄-၁ ဂိုးဖြင့်နိုင်ပြီး ငါးနှစ်အတွင်း လာလီဂါဖလားကို ပထမအကြိမ်ရရှိရန် တစ်မှတ်သာ လိုအပ်တော့သည်။

 

ယခုရလဒ်ကြောင့် ရီးရဲလ် သည် ရာသီကုန်ရန်တစ်ပွဲအလို တွင် ဘာစီလိုနာကို ကျော်ဖြတ် ပြီး သုံးမှတ်ဖြတ် ဦးဆောင်ထားသ ဖြင့် မာလာဂါအိမ်ကွင်းသို့ သွား ရောက်ရင်ဆိုင်ရမည့်ပွဲ၌ သရေ တစ်မှတ်ရလျှင် ဖလားရမည်ဖြစ် သည်။

ဘာစီလိုနာက အိမ်ကွင်း တွင် အီဘာကိုအနိုင်ကစားခဲ့ပါက လည်း စုစုပေါင်း ရမှတ် ၉၀ သာ ရရှိမည်ဖြစ်၍ လက်ရှိ ရီးရဲလ်နှင့် ရမှတ်တူရုံသာဖြစ်လာမည်ဖြစ် သည်။ သို့သော် ရီးရဲလ်က မာလာဂါကို ရှုံးခဲ့ပါက ဘာစီလိုနာအနေဖြင့် အီဘာကို အနိုင်ကစားပြီးရီးရဲလ်နှင့်ထိပ်တိုက်တွေ့မှု၌ အသာရထား၍ သုံးနှစ်ဆက်တိုက် လာလီဂါဖလားရနိုင်သည့် မျှော် လင့်ချက်ရှိနေဆဲဖြစ်သည်။

ရီးရဲလ်သည် အငြင်းပွားဖွယ် အနေအထားဖြင့် ဆယ်လ်တာဗီဂို ကစားသမားတစ်ဦး ထုတ်ပယ် ခံရသောကြောင့် တစ်ဦးအသာဖြင့် ယှဉ်ပြိုင်ခဲ့ရပြီး ဂိုးပြတ်အနိုင်ရခဲ့သည်။ ရော်နယ်ဒိုနှစ်ဂိုးသွင်းပြီးနောက် ဆယ်လ်တာဗီဂိုကတစ်ဂိုးချေပခဲ့သော်လည်း ဘန်ဇီးမားနှင့် တိုနီခရုစ်တို့က အနိုင်သေချာစေမည့်ဂိုးများကို သွင်းယူခဲ့သည်။

ဆယ်လ်တာဗီဂိုနှင့် ရီးရဲလ်ပွဲကို မူလက ဖေဖော်ဝါရီ ၅ ရက်တွင် ကစားရန်သတ်မှတ်ထားသော်လည်း လေပြင်းများတိုက်ခတ်၍ ကွင်းခေါင်မိုးပျက်စီးသွားသောကြောင့် ရွှေ့ဆိုင်းထားခဲ့သည်။

ရီးရဲလ်သည် ယခုနှစ် ကိုပါ ဒယ်ရေး ကွာတားဖိုင်နယ်တွင် ဆယ်လ်တာဗီဂိုကို ရှုံး၍ ထွက်ခဲ့ရ သော်လည်း မာလာဂါကို သရေ ကျရုံဖြင့် လာလီဂါဖလားရမည် ဖြစ်ကာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ၌ အီတလီချန်ပီယံ ဂျူဗင်တပ်ကိုနိုင်ပါက ချန်ပီယံလိဂ်ဖလား သမိုင်းဝင်အဖြစ် ၂ နှစ်ဆက်တိုက်ရရှိမည်ဖြစ်သည်။