Live Score

 

ရီးရဲလ်တွင် ဆက်လက်ရှိနေမည်ဟု အစ္စကိုပြောကြား

လာလီဂါဖလားရခဲ့ ပြီးနောက် လာမည့်ရာသီတွင် ရီးရဲလ်၌ ဆက်လက်ရှိနေမည်ဟု ကွင်းလယ်လူ အစ္စကိုက ရီးရဲလ် မက်ဒရစ်ပရိသတ်များအား အာမ ခံလိုက်သည်။

 

ရီးရဲလ်မှ ထွက်ခွာမည်ဟု တစ်ရာသီလုံး သတင်းထွက်ခဲ့ သော အစ္စကိုသည် ပြင်းပြင်းထန် ထန်ကြိုးစားခဲ့ပြီးနောက် ဇီဒန်း၏ ပထမဦးစားပေးကစားသမားစာ ရင်းတွင် ပြန်လည်ပါဝင်လာ သည်။ ဂါရတ်ဘေးလ်ဒဏ်ရာရ ခဲ့ပြီးနောက် ဘန်ဇီးမားနှင့် ရော်နယ်ဒိုတို့၏ နောက်ကပ်၍ ကွင်းလယ်တိုက်စစ်မှူးနေရာမှ ကစား ကာ အစ္စကိုက ၎င်း၏ အရည်အ ချင်းမှန်ကို ပြသနိုင်ခဲ့သည်။ မာ လာဂါကို ၂-၀ ဂိုးဖြင့် နိုင်သော ပွဲတွင် ရော်နယ်ဒို၏ အဖွင့်ဂိုးကို ဖန်တီးပေးခဲ့သည်။

‘‘ရီးရဲလ်ပရိသတ်တွေ စိတ် မပူပါနဲ့။ အသင်းနဲ့ ကျွန်တော်အ တူ ဆက်ပြီးရှိနေပါမယ်။ ပထမတော့ အခြေအနေက ရှုပ်ထွေးပါတယ်။ ဒါပေမဲ့ ကျွန်တော်စိတ်ဓာတ်ခိုင်ခိုင်မာမာထားခဲ့ပြီး လူတိုင်းရဲ့ ထောက်ခံမှုရခဲ့ပါတယ်’’ ဟု အစ္စကိုက ပြောသည်။

စပိန်လက်ရွေးစင် အစ္စကို သည် ရီးရဲလ်၏ ဒုတိယရာသီ ဝက်တွင် အရေးပါသော အခန်း ကဏ္ဍ၌ ပါဝင်ခဲ့ပြီး ပွဲပေါင်း ၃၀ တွင် ၁၀ ဂိုးသွင်းယူခဲ့သည်။

၁၈ ပွဲသာ ပွဲထွက်စာရင်း တွင် ပါဝင်ခဲ့သော်လည်း ၁၀ ဂိုး သွင်းယူနိုင်ခဲ့သည်။

‘‘လာလီဂါဖလားကို ဒီမှာ ဆွတ်ခူးနိုင်တာ အိပ်မက်အ ကောင်အထည်ပေါ်လာတာပါ။ ကျွန်တော်ရဲ့ မိသားစုမိတ်ဆွေ တွေနဲ့အတူ ကျွန်တော့်မြို့မှာ ဖလားရခဲ့လို့ ဖြစ်ပါတယ်’’ဟု မာလာဂါမှ မက်ဒရစ်သို့ ၂၀၁၃ တွင် ပြောင်းရွှေ့ခဲ့သူ အစ္စကိုက ပြောသည်။