Login

Live Score

 

ရီးရဲလ်မက်ဒရစ်တွင် ဆက်လက်ရှိနေမည်ဟု ရော်နယ်ဒိုပြောကြား

ဆုဖလားများ ပိုမိုရရှိရေး ရီးရဲလ်မက်ဒရစ်၌ ဆက်လက်ရှိနေမည်ဟု စီရော်နယ်ဒိုက စပိန်သတင်းစာတစ်စောင်အား ပြော ကြားခဲ့သဖြင့် ၎င်း၏အနာဂတ်နှင့် ပတ်သက်၍ ခန့်မှန်းပြောဆိုမှုများ အဆုံးသတ် စေခဲ့သည်။

 

‘‘ကျွန်တော့်အသင်းနဲ့အတူ အရေးကြီးတဲ့ ဆုဖလားတွေ ဆွတ်ခူးဖို့နဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပုဂ္ဂိုလ်ရေးအရ ဂုဏ်ပြုခံရတာ တွေဟာ အရမ်းကောင်းပါတယ်။ ဒီလိုမျိုး ပြန်လုပ်ပြဖို့ဆိုတာ သိပ် ကောင်းပါလိမ့်မယ်’’ဟု ရော်ဒို (၃၂)နှစ်က ဇူလိုင် ၂၅ ရက်တွင် မာကာသတင်းစာအား ပြောကြားသည်။

ရီးရဲလ်မက်ဒရစ်မှ ထွက်ခွာ တော့မည်ဟု ကောလာဟလများ ထွက်ပေါ်နေစဉ် လာမည့်ဘော လုံးရာသီတွင် ဘာနေဗျူး၌ ဆက် လက်ရှိနေမည်ဖြစ်ကြောင်း ရော်နယ်ဒို၏ ကြေညာချက်ထွက်ပေါ် လာခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့အကောင်းဆုံးဘော လုံးသမားဆု လေးကြိမ်ရ ရော် နယ်ဒိုသည် ဇူလိုင် ၃၁ ရက်တွင် အခွန်လိမ်လည်မှု စွဲချက်လေးခု နှင့် ပတ်သက်၍ တရားသူကြီး တစ်ဦး၏ ရှေ့မှောက်၌ ဖြေရှင်းချက်ပေးရန် တရားရုံးသို့ ဆင့်ခေါ် ခြင်းခံထားရသည်။

ရီးရဲလ်မက်ဒရစ်နည်းပြဇီ ဒန်းကလည်း ရော်နယ်ဒိုသည် အားလပ်ရက်အပန်းဖြေခရီးထွက် နေခြင်းသာဖြစ်ကြောင်းနှင့် သြ ဂုတ် ၅ ရက်တွင် အသင်းနှင့် ပြန် လည်ပူးပေါင်းမည်ဖြစ်ကြောင်း ဇူလိုင် ၂၂ ရက်က ရီးရဲလ်ပရိသတ်များအား အခိုင်အမာပြော ကြားသည်။

ရီးရဲလ်မက်ဒရစ်၏ ရာသီအ ကြို အမေရိကန်ခရီးစဉ်တွင် လိုက်ပါလာခြင်းမရှိဘဲ ခွင့်ရက်ဖြင့် အားလပ်ရက်ခရီးထွက်နေသူ စီရော်နယ်ဒိုသည် အသင်း၌ နောက်ထပ် ၂ နှစ် (သို့မဟုတ်) သုံးနှစ်ရှိနေမည်ဟု ယူဆကြောင်း ဇီဒန်းက ပြောကြားသည်။