Live Score

 

အခွန်ရှောင်ခဲ့ခြင်းမရှိဟု တရားရုံးတွင် ရော်နယ်ဒို ထွက်ဆို

မက်ဒရစ်- ပေါ်တူဂီနှင့် ရီးရဲလ် မက်ဒရစ်ဘောလုံးကြယ်ပွင့် ခရစ္စ တီယာနိုရော်နယ်ဒိုက ၎င်းအနေ ဖြင့် အခွန်ရှောင်တိမ်းခြင်းမရှိခဲ့ ကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့ သည်။

စီရော်နယ်ဒိုသည် ၂၀၁၁ မှ ၂၀၁၄ အတွင်း စပိန်ဘဏ္ဍာရေး ဌာနကို ယူရို ၁၄ ဒသမ ၇ သန်း အခွန်ပေးဆောင်ခြင်းမရှိဟု စွပ်စွဲ ခံထားရပြီး ဇူလိုင် ၃၁ ရက်က မက်ဒရစ်မြို့ရှိ တရားရုံး၌ ရုံးတင် စစ်ဆေးခံခဲ့ရသည်။

 

စွပ်စွဲချက်များနှင့် ပတ်သက် ၍ စီရော်နယ်ဒိုအား တရားသူကြီး မိုနီကာဖာရာဂိုမက်ဇ်က မိနစ် ၉၀ ကျော် စစ်ဆေးမေးမြန်းခဲ့သည်။

တရားရုံးပြင်ဘက်တွင် နိုင်ငံ၂၀ ခန့်မှ သတင်းမီဒီယာသမား ၂၀၀ ခန့်က နေပူကျဲကျဲအောက် နှစ်နာရီခန့် စောင့်ဆိုင်းခဲ့ကြပြီး မီဒီယာသမားများကို စိတ်ပျက် နေသည့် စီရော်နယ်ဒိုက တရားရုံးသို့ ရောက်လာချိန်တွင် နောက်ဖေးတံခါးမှတစ်ဆင့်  ဝင်ရောက် ခဲ့ကာ ကြားနာစစ်ဆေးမှုပြီးမှ မီဒီယာအား ဖြေကြားမည်ဟု ဆို သည်။

သို့သော်ပဏာမကြားနာစစ် ဆေးမှုပြီးကတည်းက စီရော်နယ် ဒိုသည် အိမ်သို့ပြန်ပြီဖြစ်ကြောင်း ၎င်း၏ ဆက်သွယ်ပြန်ကြားရေး ကိုယ်စားလှယ် အီနာကီတော ရက်စ်က မီဒီယာသမားများအား ကြေညာသည်။

စီရော်နယ်ဒို၏ ရှေ့နေအ ဆိုအရ ၎င်းသည် မည်သည့်ဥပ ဒေကိုမျှ မချိုးဖောက်ခဲ့ကြောင်း ပြောကြားခဲ့သော်လည်း အကျင့် ပျက်ခြစားမှုတိုက်ဖျက်ဆန့်ကျင် ရေး တရားသူကြီးများက စီရော် နယ်ဒိုသည် ၎င်း၏ ဝင်ငွေများကို တစ်စိတ်တစ်ပိုင်းထိမ်ချန်ဖုံးကွယ် ထားရန် အမည်ခံကုမ္ပဏီသုံးခုကို အသုံးချခဲ့သည်ဟု ဆိုသည်။

စီရော်နယ်ဒိုသည် ရီးရဲလ် မက်ဒရစ်၏ ရာသီအကြိုပွဲစဉ်များ တွင် ပါဝင်ကစားခဲ့ခြင်းမရှိဘဲ အားလပ်ရက်အပန်းဖြေခရီးထွက် နေခဲ့သဖြင့် အသင်းမှထွက်ခွာ မည်ဟု သို့လောသို့လောမေးခွန်း များ ထွက်ပေါ်စေခဲ့သည်။

သို့သော် ရီးရဲလ်မက်ဒရစ် နည်းပြဇီဒန်းက စီရော်နယ်ဒိုသည် အပန်းဖြေအနားယူနေခြင်းသာ ဖြစ်ကြောင်းနှင့် သြဂုတ် ၅ ရက် တွင် အသင်းနှင့် ပြန်လည်ပူး ပေါင်းမည်ဖြစ်ကြောင်း အခိုင်အ မာပြောကြားထားသည်။

ရီးရဲလ်မက်ဒရစ်သည် သြ ဂုတ် ၉ ရက်တွင် ဥရောပစူပါဖလားအဖြစ် မန်ယူအသင်းနှင့် မက်ဆီ ဒိုးနီးယားနိုင်ငံမြို့တော် စကိုပီဂျီ၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။