Login

Live Score

 

စာချုပ်သက်တမ်းကုန်ဆုံးပါက ဘာစီလိုနာမှ ထွက်ခွာနိုင်ဟု အင်နီယေစတာသတိပေး

ယခုရာသီကုန်ချိန် တွင် မိမိ၏ လက်ရှိစာချုပ်သက် တမ်းကုန်ဆုံးပါက ဘာစီလိုနာမှ ထွက်ခွာနိုင်သည်ဟု အင်နီယေစ တာက သတိပေးသည်။

 

ကစားသမားဘဝတစ်ခုလုံး ဘာစီလိုနာ၌သာ ကစားခဲ့သည့် အင်နီယေစတာ (၃၃)နှစ်က ဘာ စီလိုနာနည်းပြ ဗယ်လ်ဗာဒီက မိမိသည် ယခုရာသီတွင် အသင်း အတွက်အရေးပါသော အခန်း ကဏ္ဍမှ ဆက်လက်ပါဝင်နေဦး မည်ဖြစ်ကြောင်း ပြောထားသည် ဟုဆိုသည်။

၂၀၀၂ က အသက် (၁၈) နှစ် အရွယ်တွင် ဘာစီလိုနာအတွက် ပထမဆုံးပါဝင်ကစားခဲ့သည့် အင်နီယေစတာက မိမိကိုအသင်း က ယခုထိစာချုပ်သက်တမ်းတိုး ခြင်းမရှိသေးသဖြင့် အသင်းမှ ထွက်ခွာနိုင်ခြေကို ပယ်ချမထား ဟု ပြောသည်။

‘‘ကျွန်တော်တို့အားလုံးဟာ တန်ဖိုးထား၊ အလေးထားခံရချင် ပါတယ်။ လေးစားခံရချင်ပါ တယ်’’ဟု အင်နီယေစတာက ပြောသည်။

ဘာစီလိုနာသည် လီဂူးဝမ်း နိ့စ်အသင်းမှ အိုင်ဗရီကို့စ်ကွင်း လယ်လူ ဆာရီကိုခေါ်ယူရန် သ ဘောတူထားပြီးနောက် အင်နီ ယေစတာ၏ ဘာစီလိုနာအနာ ဂတ်မသေချာဖြစ်လာသည်။

နိ့စ်အသင်းနှင့် ဆာရီတို့ ကြား စာချုပ်လျော်ကြေးသတ် မှတ်ချက်ယူရိုသန်း ၄၀ သည် ဇူလိုင်လကုန်ပိုင်းက သက်တမ်းကျော်သွားပြီဖြစ်၍ ယခုထက် ကြေးပိုပေးရဖွယ်ရှိကြောင်း စပိန်အားကစားသတင်းများက ဖော်ပြ သည်။

ထိုအတောအတွင်း ကမ္ဘာ့ စံချိန်တင်ကြေးဖြင့် ပီအက်စ်ဂျီ သို့ ပြောင်းရွှေ့သွားသော တိုက်စစ် မှူး နေမာက ဘာစီလိုနာအသင်း အနေဖြင့် ယခုထက်ပိုမိုကောင်းမွန်သော ဘုတ်အဖွဲ့ရှိသင့်သည် ဟု ပြောသည်။

ဘာစီလိုနာက နေမာ၏ နေ ရာတွင် အစားထိုးရန် စီစဉ်နေ သော လီဗာပူးကွင်းလယ်လူ ကော်တင်ဟိုအတွက် ကမ်းလှမ်း မှုသည် ပယ်ချခံထားရပြီး နောက် ထပ်ပစ်မှတ်ဖြစ်သည့် ဒေါ့မွန်မှ ဒမ်ဘီလီမှာလည်း ဘာစီလိုနာ သို့ ပြောင်းရွှေ့နိုင်ခြေ ၅၀ ရာခိုင် နှုန်းအောက်သာရှိသည်ဟု ဒေါ့မွန်အသင်းအထွေထွေညွှန်ကြားရေး မှူး ဝေါ့ဇ်ကီက ပြောသည်။

ထိုအတောအတွင်း မက်ဆီ ကို ပေါင် ၂၇၅ သန်းဖြင့်ခေါ်ယူ ရေး မန်စီးတီးအသင်းထိပ်တန်း တာဝန်ရှိသူများက ၎င်းနှင့် တွေ့ဆုံ ဆွေးနွေးနေသည်ဟု ကောလာ ဟလသတင်းထွက်ပေါ်နေသည်။ ဘာစီလိုနာဥက္ကဋ္ဌဟောင်း လာ ပေါ်တာက မက်ဆီသည် ပျော်ရွှင်နေပြီး ၎င်း၏ အကောင်းဆုံးခြေ စွမ်းအတိုင်း ကစားနေသည်ကို ပရိသတ်များ တွေ့လိုပါက ဘာစီလိုနာအနေဖြင့် လက်ရှိဥက္ကဋ္ဌဘာတို မျူကို ထုတ်ပယ်ရမည်ဟု ပြောကြားသည်။