Live Score

 

နယူးကာဆယ်အသင်း ချန်ပီယံရှစ်ဖလား ဆွတ်ခူး

ပရီးမီးယားလိဂ်သို့ ပြန် လည်တန်းတက်ခွင့်ရသော နယူးကာဆယ်အသင်းသည် ပြိုင်ပွဲ၏ နောက်ဆုံးနေ့တွင် ဘန်စလေကို သုံးဂိုးပြတ်အနိုင်ရရှိပြီး ဘရိုက် တန်က အက်စတွန်ဗီလာနှင့် တစ်ဂိုးစီသရေကျခဲ့သဖြင့် နယူးကာဆယ်က ချန်ပီယံရှစ် ချန်ပီယံဆု ဆွတ်ခူးသွားသည်။

 

ဘရိုက်တန်က ဗီလာကို အနိုင်ရရှိပါက ၎င်းတို့၏ သမိုင်း တစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံဖြစ်နိုင်သော်လည်း သရေ ကျခဲ့ရာ ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။

ချန်ပီယံလိဂ်ဖလားအောက် ခြေတွင် တန်းဆင်းရမည့် အန္တ ရာယ်ကြုံနေသော ဘာမင်ဟမ်၊ နော်တင်ဟမ်ဖောရက်စ်နှင့် ဘလက်ဘန်းတို့အားလုံးနိုင်ပွဲရခဲ့ သော်လည်း ဘလက်ဘန်းက ဂိုး ကွာခြားချက်ကြောင့် လိဂ်ဝမ်းသို့ တန်းဆင်းသွားသည်။


ဘင်နီတက်ဇ်ကိုင်တွယ်ချိန် တွင် နယူးကာဆယ်က ကစားသ မား ၁၂ ဦးခေါ်ယူခဲ့ပြီး ပရီးမီးယား လိဂ်မှ မက်ရစ်ချီနှင့် ဟေးလီတို့က  ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့ကြသည်။ ကစားသမား ဝယ်ယူမှုကို ပေါင် သန်း ၅၀ ကျော်အသုံးပြုခဲ့သော် လည်း ဆစ်ဆိုကို၊ ၀စ်ခ်ျနယ်ဒမ် စသော ကစားသမားများ ပြန်လည်ရောင်းချကာ ပြန်ချေခဲ့သည်။

နယူးကာဆယ်သည် ထိပ်ဆုံးနေရာအတွက် တစ်ရာသီလုံးဘရိုက်တန်နှင့် တိုက်ပွဲဝင်ခဲ့ရပြီး လက်ကျန်နှစ်ပွဲမတိုင်မီ တန်းတက်ခွင့်ရရှိကာ ယခုအခါချန်ပီယံဆုပါ ဆွတ်ခူးသွားခြင်းဖြစ်သည်။