Live Score

 

ခရစ္စတယ်ပဲလေ့စ်ကို ဟူးလ်စီးတီး ဂိုးပြတ်ရှုံးပြီး ပရီးမီးယားလိဂ်မှ တန်းဆင်း

လန်ဒန်- နည်းပြ မာကိုဆီလ်ဗာ ၏ ဟူးလ်စီးတီးအသင်းသည် ခရစ္စတယ်ပဲလေ့စ်ကို ၄-၀ ဂိုးဖြင့် ရှုံး နိမ့်ပြီးနောက် ပရီးမီးယားလိဂ်မှ တန်းဆင်းရပြီး လာမည့်ရာသီတွင် ချန်ပီယံရှစ်သို့ သွားရောက်ကစား ရမည်ဖြစ်သည်။

 

ပရီးမီးယားလိဂ်သို့ ပထမ ဆုံးရောက်လာသော ရာသီတွင် တန်းမဆင်းရေး မဖြစ်မနေနိုင်ပွဲ လိုနေသော ဟူးလ်စီးတီးသည် စွမ်းဆောင်ရည်ပိုင်း  ညံ့ဖျင်းခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်ကို ရှုံးခဲ့၍တန်းဆင်းဇုန်အတွင်း ရောက်ရှိခဲ့ ခြင်းဖြစ်သည်။

ဆွမ်ဆီးက ဟူးလ်စီးတီးကို လေးမှတ်ဖြတ်ထားနိုင်သဖြင့် တန်းမဆင်းရရေး အခြေအနေကောင်း သွားသည်။

နည်းပြ ဆီလ်ဗာက ဟူးလ် စီးတီးအသင်းသားများကို နှစ်သိမ့်  ခဲ့ပြီး လာမည့်လတွင် သက်တမ်း ကုန်မည့် ၎င်း၏ စာချုပ်အတွက် စဉ်းစားရမည်ဖြစ်သည်။

ထိုအတောအတွင်း ဆောက်သမ်တန်က ဆီလ်ဗာကို ခေါ်ယူလို ကြောင်း ပြောကြားထားစဉ် ၎င်း က ဟူးလ်စီးတီးတွင် ဆက်နေ၊ မနေ ပြောကြားရန် ငြင်းဆိုသည်။

ဟူးလ်စီးတီးသည် ပရီးမီး ယားလိဂ်တွင် ယခုရာသီ၏ ၁၀၀၀ပြည့်ဂိုးအဖြစ် မီလီဗိုဂျီဗစ်၏ ပင် နယ်တီကို ခွင့်ပြုပြီး ဆိုးရွားသောစံချိန်သစ် တင်ခဲ့သည်။

ဟူးလ်စီးတီးသည် ယခုရာ သီတွင် ပင်နယ်တီ ၁၃ ဂိုးအထိ ပေးခဲ့ရပြီး ပရီးမီးယားလိဂ်၌ ပင် နယ်တီအများဆုံးပေးရသည့် အ သင်းဖြစ်လာသည်။

ဟူးလ်စီးတီးအသင်းခေါင်း ဆောင်  မိုက်ကယ်ဒေါ်ဆင်က အသင်းသားများနှင့် အသင်းဝန် ထမ်းအားလုံး အလွန်စိတ်ပျက် နေကြသည်ဟု ပြောသည်။

ဟူးလ်စီးတီးသည် မစ်ဒယ် ဘရော့၊ ဆန်းဒါးလန်းတို့နှင့်အတူ လာမည့်ရာသီတွင် ဒုတိယတန်း ၌ ကစားရတော့မည်ဖြစ်သည်။