Live Score

 

ဘာကာက ခေါ်ယူလိုသည်ဆို၍ ဝမ်းသာသော်လည်း လောလောဆယ် လီဗာပူး၌သာ အာရုံစိုက်ထားဟု ကော်တင်ဟို ပြောကြား

 လီဗာပူးမှ ဘရာဇီးလက်ရွေးစင် ကစားသမား ကော်တင် ဟိုက ၎င်းကို ဘာစီလိုနာက ခေါ် ယူရန် စိတ်ဝင်စားနေသည်ဆို သော သတင်းကြောင့် ဝမ်းသာမိသော်လည်း လောလောဆယ်တွင် လီဗာပူးအသင်း၌သာ အာရုံစိုက် ထားသည်ဟု ပြောသည်။

 

ဥရောပထိပ်သီးအသင်း ဘာစီလိုနာက ၎င်းကို ခေါ်ယူရန် စိတ်ဝင်စားမှုကြောင့် ဂုဏ်ယူမိ သော်လည်း လာမည့်ရာသီချန် ပီယံလိဂ်ဝင်ခွင့်ရရေး ကြိုးပမ်းရာ တွင် လီဗာပူး၌သာ အာရုံစိုက် ထားသည်ဟု ပြောကြားသည်။

‘‘ဘာစီလိုနာလို အသင်းကြီး တစ်သင်းက ကျွန်တော့်ကို စိတ် ဝင်စားတယ်ဆိုတာ   သိရလို့  ၀မ်းသာပါတယ်။ ကျွန်တော့်ရဲ့ လုပ်ရပ်ကို အသိအမှတ်ပြုတာ ဟာ တကယ်ကောင်းပါတယ်’’ ဟု ကော်တင်ဟိုက ပြောသည်။

မိမိအနေဖြင့် ဘောလုံး ကစားရန်သာ အာရုံစိုက်ရမည် ဖြစ်ပြီး အခြားအရေးကိစ္စများကို စီးပွားရေးသမားများကသာ ဖြေ ရှင်းမည်ဟု ကော်တင်ဟိုက ဆို သည်။

လီဗာပူးသည် ပရီးမီးယား လိဂ်နောက်ဆုံးပွဲတွင်  မစ်ဒယ်ဘရော့ကို နိုင်ပါက ထိပ်ဆုံးလေး သင်းဝင်မည်ဖြစ်သည်။

ကော်တင်ဟိုသည် ၂၀၁၃  က အင်တာမီလန်မှ လီဗာပူးသို့ ပြောင်းခဲ့ပြီး လီဗာပူးအတွက် ၁၈၀ ပွဲကစားကာ ၄၁ ဂိုးသွင်းယူ ထားသည်။