Live Score

 

ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံးစာရင်းတွင် ချယ်လ်ဆီးနှင့် စပါးကစားသမားများ အများဆုံးပါဝင်

ပရီးမီးယားလိဂ်တစ် နှစ်တာအကောင်းဆုံးကစားသ မား ဆန်ခါတင် ရှစ်ဦးစာရင်းတွင် ချယ်လ်ဆီးနှင့် စပါးမှ သုံးဦးစီ ပါဝင်လာပြီး တစ်နှစ်တာအ ကောင်းဆုံးနည်းပြ စာရင်းတွင် လည်း ယင်းနှစ်သင်း၏ နည်းပြ များပါဝင်နေသည်။

 

ချယ်လ်ဆီးမှ အီဒင်ဟာ ဇက်၊ ကန်တီနှင့် ဆီဇာအပီလီကူး တားတို့ အမည်စာရင်းတင်သွင်း ခံရပြီး စပါးမှ ဟယ်ရီကိန်း၊ ဒီလီ အယ်လီနှင့် ဗာတွန်ဂန်တို့ ပါဝင် လာသည်။ ထို့အပြင် ယခုနှစ် ပရီး မီးယားလိဂ်ဂိုးသွင်းဘုရင်ဇယား ကို ဦးဆောင်နေသူ အဲဗာတန်မှ လူကာကူနှင့် အာဆင်နယ်မှ ဆန်းချက်ဇ်တို့လည်း ပါဝင်နေသည်။

ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ချယ်လ်ဆီးမှ ကန်တီက ဆွတ်ခူး ရန် ရေပန်းစားနေပြီး ၎င်းသည် ယခုနှစ်အတွက် ကစားသမား ချင်း ရွေးချယ်ပေးအပ်သော PFA

နှင့် အားကစားကလောင်ရှင်များ အသင်းက ပေးအပ်သော FWA ဆုကို ရရှိခဲ့သည်။

ချယ်လ်ဆီးကို ပထမဆုံး ကိုင်တွယ်သည့် ရာသီတွင် ပရီးမီး ယားလိဂ်ဖလား ဆွတ်ခူးနိုင် အောင် လမ်းညွှန်နိုင်ခဲ့သည့် နည်းပြ ကွန်တီသည် ယင်းဆုအတွက် ဆွမ်ဆီးနည်းပြ ပေါလ်ကလီးမန့် နှင့် ယှဉ်ပြိုင်ရဖွယ်ရှိသည်။ ပေါလ်ကလီးမန့်သည် ဆွမ်ဆီးကို အချိန်တိုအတွင်း တန်းဆင်းဇုန်မှ လွတ် ကင်းအောင် စွမ်းဆောင်နိုင်ခဲ့ သည်။ နည်းပြ ပိုချက်တီနိုသည် စပါးကို (၅၄) နှစ်အတွင်း အမြင့် ဆုံးအဆင့်ဖြစ်သည့် ဒုတိယနေရာ ဖြင့် ရာသီသိမ်းရန် သေချာ အောင် ဦးဆောင်ပေးနိုင်ခဲ့သဖြင့် ယခုကဲ့သို့ အကောင်းဆုံး နည်းပြစာရင်းတွင် လျာထားခံရခြင်းဖြစ် သည်။ ထို့အပြင် ဘန်လေနည်းပြ ရှောင်ဒိုင်ချီ၊ ဘန်းမောက် နည်းပြ အက်ဒီဟိုဝီနှင့် ဝက်စ်ဘ ရွန်းနည်းပြ တိုနီပူးလစ်တို့လည်း အကောင်းဆုံးနည်းပြစာရင်းတွင် ပါဝင်နေကြောင်း သိရသည်။