Live Score

 

စပါးအသင်းတွင် ဆက်လက်ရှိမည်ဟု ပိုချက်တီနိုပြော၊ ၀က်ဖို့ဒ်နည်းပြ ထွက်ခွာမည်

စပါးအသင်းတွင် ဆက် လက်နေရန် စိတ်ပိုင်းဖြတ်ထား သည်ဟု စပါးနည်းပြပိုချက်တီနို ကပြောကြားပြီး စာချုပ်အရ ၎င်း ကို ခေါ်ယူလိုလျှင် ပေးရမည့် ငွေ ကြေးကို ထည့်သွင်း သတ်မှတ် ထားသည်ဆိုခြင်းကို ငြင်းဆိုလိုက် သည်။

 

၂၀၁၄ မေလက ငါးနှစ်စာ ချုပ်ဖြင့်  ဆောက်သမ်တန်မှ ရောက်လာချိန်ကတည်းက စပါး ကို ကိုင်တွယ်နေသော အာဂျင် တီးနားနည်းပြပိုချက်တီနို (၄၅) နှစ်သည် ပြီးခဲ့သည့်မေလက ၂၀၂၁ အထိ စာချုပ်သက်တမ်း တိုးထားသည်။

‘‘ကောလာဟလတွေ အ များကြီးပဲ။ အသင်းကနေ ထွက် ခွာစရာအကြောင်းမရှိပါဘူး။ ရာ သီကြိုကာလမှာ ဒီမှာရှိနေမယ်။ နောက်ရာသီလည်း ဒီမှာပဲ ဆက် နေမှာပါ’’ ဟု ပိုချက်တီနိုက ပြောသည်။ ဘာစီလိုနာနည်းပြနေ ရာ လျာထားခံနေရသည်ဆိုခြင်း ကို ပိုချက်တီနိုက ငြင်းဆန်ခဲ့ သည်။

ထိုအတောအတွင်း ၀က်ဖို့ဒ် မန်နေဂျာ ဝေါလ်ကာမက်ဇာရီ သည် ရာသီကုန်ချိန်တွင် အသင်း နှင့် လမ်းခွဲတော့မည်ဟု ၀က်ဖို့ဒ် အသင်းက ကြေညာသည်။

ကလပ်အသင်း၏အနာဂတ် ရည်မှန်းချက်များ၊ မျှော်မှန်းချက် များနှင့် ပတ်သက်၍ နည်းပြ မက် ဇာရီနှင့် ဆွေးနွေးပြီးနောက်  လာ မည့်တနင်္ဂနွေနေ့ မန်စီးတီးနှင့် အိမ်ကွင်းပွဲအပြီးတွင် နည်းပြချုပ် အဖြစ်မှ ၎င်းနုတ်ထွက်ရန်သဘော တူခဲ့သည်ဟု အသင်းဥက္ကဋ္ဌ စကော့ဒပ်ဘူရီက ပြောသည်။