Live Score

 

အာဆင်နယ်တွင် အာစင်ဝင်းဂါး နောက်ထပ် ၂ နှစ်ကြာ ဆက်လက်ရှိမည်

အာဆင်နယ်တွင် နည်း ပြသက်တမ်း ၂၁ နှစ်ရှိပြီဖြစ်သော ပြင်သစ်သားအာစင်ဝင်းဂါးသည် ၂ နှစ်သက်တမ်းရှိ စာချုပ် သစ်တစ်ရပ်ချုပ်ဆိုခဲ့သည်။

ဝင်းဂါးသည် ဂျပန်ကလပ် နာဂိုယာဂရမ်ပါ့စ်မှ အာဆင်နယ် သို့ရောက်လာပြီးနောက် ဖလား ၁၆ လုံးရယူပေးထားကာ ကစား သမား ၁၆၂ ဦးခေါ်ယူခဲ့ပြီး ပေါင် သန်း ၇၀၀ အသုံးပြုထားသည်။

 

အာဆင်နယ်အတွက် ကွင်း သစ်တစ်ကွင်းတည်ဆောက်ရန် လည်း ကူညီပေးခဲ့သော ၀င်းဂါး သည် ပရီးမီးယားလိဂ်ဖလားမရ ယူနိုင်ဘဲ (၁၃) နှစ်အထိ ကြာနေ သဖြင့် နုတ်ထွက်ပေးရန် ပရိသတ် များက တောင်းဆိုခဲ့ကြသည်။

၂၀၀၄ က နောက်ဆုံး ပရီး မီးယားလိဂ်ဖလား ရရှိခဲ့သော ၀င်းဂါးသည် ယခုနှစ် ပရီးမီးယား လိဂ်တွင် အဆင့် ၅ နေရာသာ ရခဲ့ သဖြင့် လာမည့်ရာသီတွင် ချန်ပီ ယံလိဂ်ဝင်ခွင့်မရဖြစ်ခဲ့သည်။ သို့ သော် ပရီးမီးယားလိဂ်ချန်ပီယံ ချယ်လ်ဆီးကို အနိုင်ယူပြီး ယခု နှစ် အက်ဖ်အေဖလားကို ရယူနိုင် ခဲ့သည်။

ဝင်းဂါးသည် စုစုပေါင်း ရယူ ပေးနိုင်သော ဆုဖလားများအရ ဖာဂူဆန်နှင့် ဗိုင်စလေတို့နောက် တတိယအအောင်မြင်ဆုံးနည်းပြ ဖြစ်သည်။

သို့သော် ပရီးမီးယားလိဂ် ရာဇ၀င်တွင် တစ်ပွဲနှုန်းရမှတ် အကောင်းဆုံးနည်းပြ စာရင်း၌ နံပါတ် (၅)နေရာတွင်သာ ရပ် တည်နေသည်။

ဝင်းဂါးတာဝန်ယူခဲ့သည့် ရာ သီ ၂၀ အတွင်း အာဆင်နယ်သည် ပရီးမီးယားလိဂ်ထိပ်ဆုံး လေး သင်းဝင်ဖြစ်ခဲ့ပြီး ယင်းမှာ မည် သည့်အသင်းမျှ မရနိုင်သော အခြေအနေဖြစ်သည်။

ဝင်းဂါးသည် ငွေကြေးကို အလွန်ဂရုစိုက် သုံးစွဲသူအဖြစ် နာမည်ကြီးသည်။