Live Score

 

ပရီးမီးယားလိဂ် ချန်ပီယံဆုဆွတ်ခူးခဲ့သော ချယ်လ်ဆီးအသင်း ဆုကြေးငွေ ပေါင်သန်း ၁၅၀ ကျော်ရ

အန်တိုနီယိုကွန်တီ မန်နေဂျာအဖြစ် ပထဆုံးကိုင် တွယ်သောနှစ်တွင် ပရီးမီးယား လိဂ်ဖလားရခဲ့သည့် ချယ်လ်ဆီးအသင်းသည် ဆုကြေးငွေပေါင်၁၅၁ သန်းခန့်ရရှိခဲ့ပြီး ယင်းမှာ စုပေါင်းရန်ပုံငွေမှ ရရှိသော ငွေကြေးဖြစ် သည်။

 

အဆိုပါငွေကြေးသည် ပရီးမီးယားလိဂ်၏ ကြီးမားသော ရုပ်သံ ဝင်ငွေမှ ချယ်လ်ဆီးအတွက် ဝေ စုဖြစ်ပြီး အောက်ဆုံးက ဆန်းဒါး လန်းအသင်းပင် ပေါင် ၉၃ သန်း ရရှိခဲ့သည်။

မန်စီးတီးက ပေါင် ၁၄၇ သန်းခန့်ဖြင့် ဒုတိယဝင်ငွေဝေစုအများ ဆုံးရရှိကာ လီဗာပူးက ပေါင် ၁၄၆ သန်းကျော်နှင့် စပါးက ပေါင်၁၄၅ သန်းခွဲခန့် ရရှိခဲ့သည်။ စပါး၏ ပွဲများထက် မန်စီးတီးနှင့် လီဗာ ပူး၏ ပွဲများကို ရုပ်သံ၌ ပိုမိုပြသ ခဲ့သဖြင့် ဒုတိယနေရာရှိ စပါး ထက် ၎င်းတို့က ဝင်ငွေပိုမိုရခဲ့ခြင်း ဖြစ်သည်။

မန်ယူက ပေါင် ၁၄၁ သန်း၊ အာဆင်နယ်က ပေါင် ၁၃၉ သန်း ရရှိခဲ့ကြသည်။

နှစ်စဉ်ပရီးမီးယားလိဂ်ဝင် ငွေသည် ပေါင် သုံးဘီလီယံခန့်ရှိ ပြီး ယင်းအနက် ပေါင် ၂ ဒသမ ၄ ဘီလီယံကို ပရီးမီးယားလိဂ်အ သင်းများအား ခွဲဝေပေးအပ်ခြင်း ဖြစ်သည်။ အဆိုပါဝင်ငွေ၏ အများစုကို ပြည်တွင်း၊ ပြည်ပတွင် ပြသသော ရုပ်သံပွဲသဘောတူ ညီချက်များမှရရှိခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်သည် တိုက် ရိုက် (Live) ပြသခြင်းမှရရှိသော ဝင်ငွေများအပြင် တိုက်ရိုက်နီးနီး (Near Live) ပြသခြင်း၊ ပွဲ၏ အ ကောင်းဆုံးအချိန်များပြသခြင်း (High Lights) ပွဲ၏ တစ်စိတ်တစ် ပိုင်း ပြတ်တောက်ပြသခြင်းနှင့် အခြားစီးပွားရေးဆိုင်ရာ သဘောတူညီချက်များမှလည်း ဝင်ငွေများရရှိနေသည်။ ယင်းဝင်ငွေအားလုံး ကို စုပေါင်း၍ ကလပ်အသင်း များအား အချိုးကျပြန်လည်ခွဲဝေ ပေးခြင်းဖြစ်သည်။