Live Score

 

ဘင်ဖီကာဂိုးသမား အီဒါဆင်ကို မန်စီးတီး စံချိန်တင်ကြေးဖြင့် ခေါ်ယူ

မန်စီးတီးက ဘော လုံးသမိုင်းတွင် ဒုတိယကြေးအ ကြီးဆုံးဂိုးသမားခေါ်ယူမှုအဖြစ် ဘင်ဖီကာမှ ဘရာဇီးသား အီဒါ ဆင်ကို ပေါင် ၃၅ သန်းဖြင့် ခေါ် ယူခဲ့သည်။

 

ဘရာဇီး လက်ရွေးစင်အ သင်းအတွက် မကစားဖူးသေး သော အီဒါဆင် (၂၃)နှစ်သည် မန်စီးတီးက မိုနာကိုမှ ပေါ်တူဂီ ကွင်းလယ်လူ ဘာနာဒိုဆေးလ် ဗားကိုခေါ်ယူပြီးနောက် ယခုနွေ ရာသီတွင် ခေါ်ယူသော ဒုတိယ မြောက်ကစားသမားဖြစ်သည်။

၂၀၀၁ က ပါးမားမှ ဂိုးသ မားဘူဖွန်ကို ဂျူဗင်တပ်က ခေါ် ယူခဲ့သော ကြေး ပေါင် ၃၃ သန်း ထက်ကျော်လွန်၍ အီဒါဆင်ကို မန်စီးတီးကပေါင် ၃၅ သန်းဖြင့်ငါးနှစ်စာချုပ် ချုပ်ဆိုခြင်းဖြစ်သည်။

သို့သော် ယူရိုငွေဖြင့် တွက် လျှင် ၂၀၀၁ က ဘူဖွန်ကို ပေးခဲ့ရ သော ယူရို ၅၃ သန်းမှာ ယခု အီဒါဆင်အတွက် ပေးချေရသော ယူရိုသန်း ၄၀ ထက် ပိုများသည်။

မန်စီးတီးက တိုရီနိုအသင်း သို့ အငှားချထားသော ဂိုးသမား ဂျိုးဟတ်ကို ရောင်းချရန် စီစဉ် ထားပြီး ကာဘယ်လာရိုကိုလည်း ထွက်ခွာခွင့်ပြုထားရာ အီဒါဆင် သည် ဂွါဒီယိုလာ၏ ပွဲထွက်နေရာ အတွက် ဘရာဗိုနှင့် ယှဉ်ပြိုင်ရ မည်ဖြစ်သည်။

မန်စီးတီးသည် မိုနာကိုမှ ဆေးလ်ဗားအတွက် ပေါင် ၄၃ သန်း သုံးစွဲထားပြီးဖြစ်ကာ အီဒါ ဆင်ကို ယခုခေါ်ယူမှုအပြီးတွင် အသုံးစရိတ် ပေါင် ၇၈ သန်းရှိ လာပြီ ဖြစ်သည်။

ထိုအတောအတွင်း မန်စီး တီးအသင်းဥက္ကဋ္ဌ အယ်လ်မူဘာ ရက်က ၎င်းတို့သည် ပရီးမီးယား လိဂ်ဖလားနှင့် ချန်ပီယံလိဂ်ဖလား ရမှဖြစ်မည်ဟု ပြောကြားသည်။

မန်စီးတီးအသင်းတာဝန်ရှိ သူများက ဂွါဒီယိုလာ၏ အသင်း အတွက် နောက်ထပ်ကစားသမား အသစ်များ ခေါ်ယူရေး မီးစိမ်းပြ ထားကြောင်းလည်း သတင်းများ က ဖော်ပြသည်။ ဂွါဒီယိုလာသည် မန်စီးတီးကို စတင်ကိုင်တွယ် သောရာသီတွင် ဖလားလက်မဲ့ဖြစ် ခဲ့သော်လည်း လာမည့်ရာသီချန်ပီ ယံလိဂ်ဝင်ခွင့်ရရှိထားသည်။

ဂွါဒီယိုလာသည် ယခုကစား သမားနှစ်ဦးအပြင် နောက်ထပ် ကစားသမားသစ်များ ခေါ်ယူရန် လည်း ပြင်ဆင်နေသည်။