Live Score

 

ဘင်ဖီကာနောက်ခံလူ ဗစ်တာလင်ဒီလော့ဖ်ကို ယူရိုသန်း ၄၀ ဖြင့် ခေါ်ယူရန် မန်ယူသဘောတူ

မန်ယူအသင်း၏ ယခု နွေရာသီ ပထမဆုံးကစားသမား သစ် ခေါ်ယူမှုအဖြစ် ဘင်ဖီကာမှ ဆွီဒင်နောက်ခံလူ ဗစ်တာလင်ဒီ လော့ဖ်ကို ယူရိုသန်း ၄၀ ဖြင့် ခေါ် ယူရန် သဘောတူညီမှုရပြီဖြစ် ကြောင်း ပေါ်တူဂီသတင်းများက ဖော်ပြသည်။

 

လင်ဒီလော့ဖ်အတွက် မန်ယူက ယူရို ၃၅ သန်းလက်ငင်း ပေးချေကာ ကျန်ငါးသန်းမှာ စွမ်း ဆောင်ရည်ပိုင်းနှင့်ပတ်သက်၍ ထပ်မံပေးအပ်မည့်ဖြစ်ပြီး   သ ဘောတူညီထားပြီဟု ယင်းသ တင်းများက ဖော်ပြသည်။

၎င်းသည် လာမည့်သီတင်း ပတ်တွင် မန်ချက်စတာသို့ လာ ရောက်ကာ ဆေးစစ်ဆေးမှုခံယူ မည်ဖြစ်သည်။ ထိုအတောအ တွင်း လင်ဒီလော့ဖ်သည် ပရီးမီး ယားလိဂ်သို့ အပြီးသတ်မပြောင်း ရွှေ့မီ ပြင်သစ်နှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် ဆွီဒင်အတွက် ပါ ၀င်ကစားမည်ဖြစ်သည်။

မန်ယူက ၎င်းကို ခေါ်ယူရန် ဇန်န၀ါရီကတည်းက ကြိုးစားခဲ့ သော်လည်း ယခုမှ သဘောတူညီ မှုရရှိခဲ့ခြင်းဖြစ်သည်။

လင်ဒီလော့ဖ်သည် ယခု အ ပြောင်းအရွှေ့ကာလတွင် မန်ယူ အသင်းနောက်ထပ်ခေါ်ယူမည့် ကစားသမားများအနက် ပထမ ဆုံးခေါ်ယူသည့် ကစားသမားဖြစ် မည့်ပုံပေါ်သည်။

အခြားသတင်းထူးတစ်ရပ် သည် ရီးရဲလ်တိုက်စစ်မှူး မိုရက် တာက အိုးထရက်ဖို့ဒ်သို့ ပြောင်း လာရန် သဘောတူလိုက်ပြီဆို သော သတင်းဖြစ်သည်။ သို့သော် ယင်းသတင်းကို အတည်မပြုနိုင် သေးပေ။

နည်းပြမော်ရင်ဟိုသည် အီ တလီတွင် ထိပ်တန်းကွင်းလယ်ဖန် တီးရှင်တစ်ဦးရှာဖွေနေကြောင်း သိရသည်။