Live Score

 

မန်စီးတီးမှ ကိုလာရော့ဗ်​ ရိုးမားသို့ ပြောင်းရွှေ့တော့မည်

မန်စီးတီး၌ ခုနစ် ရာသီ ဖြတ်သန်းပြီးနောက် နောက်ခံလူ ကိုလာရော့ဗ်သည် စီးရီးအေကလပ်ရိုးမားထံ ပြောင်းရွှေ့တော့ မည်ဖြစ်ကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောသည်။

 

မန်စီးတီးသို့ မပြောင်းရွှေ့မီ လာဇီယိုတွင် ၂၀၀၇ မှ ၂၀၁၀ အ ထိ ကစားခဲ့သော ဆားဘီးယား လက်ရွေးစင် ကိုလာရော့ဗ် (၃၁) နှစ်သည် မန်စီးတီးနှင့်အတူ ပရီး မီးယားလိဂ်ဖလားနှစ်လုံး၊ အက်ဖ် အေဖလားဆွတ်ခူးနိုင်ခဲ့သည်။

ကိုလာရော့ဗ်အနေဖြင့် ရောမမြို့သို့ ပြန်သွားခြင်းသည် အား လုံးအတွက် အကောင်းမွန်ဆုံး ဆုံးဖြတ်ချက်ဖြစ်သည်ဟု ဂွါဒီယိုလာက ယုံကြည်ထားသည်။

‘‘ကိုလာရော့ဗ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ကျွန်တော့်ကို အများကြီး၊ အများကြီး အကူအ ညီပေးခဲ့ပါတယ်။ ဒါပေမဲ့ သူ့မှာ ရောမမြို့ကို ပြန်ခြေချဖို့ ကြီးမား တဲ့အခွင့်အရေးရရှိခဲ့ပြီး အသင်းနဲ့ ကျွန်တော့်ဆီကနေ သူက ထွက်ခွာခွင့်တောင်းခဲ့ပါတယ်။ အသင်းမှာမနေချင်တဲ့ ကစားသမားတွေနဲ့ ကျွန်တော် လက်မတွဲချင်ပါဘူး။ ဒါကြောင့် ဒါက အားလုံးအတွက် အကောင်းမွန် ဆုံးရွေးချယ်မှုဖြစ်ပါတယ်’’ဟု ဂွါဒီယိုလာက မန်ယူအသင်းကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက်ပြောကြားခဲ့ပြီး ကိုလာရော့ဗ်နှင့် ၎င်း၏ မိသားစုအတွက် ဆုမွန်ကောင်းတောင်းခဲ့သည်။

မန်စီးတီး နောက်ခံလူများဖြစ်သော ဇာဘလက်တာ၊ကလစ်ချီနှင့် ဆစ်ဂ်နာတို့ကို မေလက ထွက်ခွာခွင့်ပြုခဲ့ပြီး လုံလောက်သော ခေါ်ယူအားဖြည့်မှု မလုပ်ထားနိုင်သဖြင့် နောက်တန်းကစားသမားနေရာအတွက် အခက်ကြုံနေသောကြောင့် မန်ယူနှင့်ပွဲတွင် ကွင်းလယ်လူ ဖာနန်ဒင်ဟိုကို နောက်ခံအစွန် လူအဖြစ် ပွဲထုတ်ခဲ့ရသည်။

မန်စီးတီးသည် ရာသီကြိုပြင်ဆင်မှုအဖြစ် နိုင်ငံတကာ ချန်ပီယံများဖလားပြိုင်ပွဲ၌ ရီးရဲလ်မက်ဒရစ်နှင့် ဇူလိုင် ၂၆ ရက် တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။