Live Score

 

ဒီယေဂိုကော်စတာ၏ အေးဂျင့်နှင့် တွေ့ဆုံခဲ့ဟု အေစီမီလန်ပြောကြား

ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာ၏ အေးဂျင့် နှင့် ဆွေးနွေးခဲ့သည်ဟု အေစီမီ လန် စီအီးအို မာကိုဖက်ဆိုနီက အတည်ပြုပြောကြားသည်။

 

ချယ်လ်ဆီးအသင်းက ရီး ရဲလ်တိုက်စစ်မှူး မိုရက်တာကို ကလပ်စံချိန်တင် ပြောင်းရွှေ့ ကြေးဖြင့် ခေါ်ယူပြီးနောက် ကော် စတာအသင်းမှ ထွက်ခွာမည်ဟု ပရီးမီးယားလိဂ်ချန်ပီယံက မျှော် လင့်ထားသည်။

၂၀၁၇ ဇန်န၀ါရီက တရုတ် နိုင်ငံမှ တီယန်ကျင်းကွမ်ကျန်းအသင်းသို့ ပြောင်းရွှေ့မည်ဆိုက တည်းက ၎င်းတို့တိုက်စစ်မှူးကော် စတာ၏ အနာဂတ်နှင့်ပတ်သက်၍ စိတ်ပိုင်းဖြတ်ထားသည်ဟု ကွန် တီက ပြောကြားသည်။


ဘရာဇီးနိုင်ငံဖွား စပိန်သား ကော်စတာအနေဖြင့် အသင်း ဟောင်း  အက်သလက်တီကိုမက်ဒရစ်နှင့်  ဆွေးနွေးနိုင်ရန်လည်း ချယ်လ်ဆီးက ခွင့်ပြုခဲ့သည်။ သို့သော် အက်သလက်တီကိုသည် လာမည့် ဇန်န၀ါရီအထိ ကစားသမားအရောင်းအ၀ယ်ပိတ်ပင်ခံထားရ သည်။

‘‘ကျွန်တော်တို့ ကော်စတာ ရဲ့ အေးဂျင့် ဂျော့ခ်ျမန်းဒက်ဇ်နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူ့အကြောင်း အများကြီး ပြောခဲ့ကြပါတယ်။ ကော်စတာဟာ ကြီးကျယ်တဲ့ ကစားသမားပါ။ ဒါပေမဲ့လည်းသူဟာ ချယ်လ်ဆီးကစားသမားပါ’’ဟု မာကိုဖက်ဆိုနီက ပြောကြား သည်။

အေစီမီလန်သည် ယခုရာ သီအတွက် အသင်းကို အကြီးအ ကျယ် ပြင်ဆင်နေပြီး ဘိုနူချီနှင့် အန်ဒရေးဆေးလ်ဗားအပါအ၀င် ကစားသမားသစ် ၁၀ ဦး ခေါ်ယူ ထားသည်။ သို့သော် နည်းပြ မွန် တဲလားက တိုက်စစ်မှူးတစ်ဦး ထပ်မံအလိုရှိနေသည်။