Live Score

 

ရော့စ်ဘာကလေ စိန်ခေါ်မှုအသစ် မျှော်လင့်နေကြောင်း အဲဗာတန်နည်းပြပြော

လန်ဒန်- အဲဗာတန်ကွင်းလယ်လူ ရော့စ်ဘာကလေသည် စိန်ခေါ်မှု အသစ်ကို တောင့်တနေပြီး အသင်းမှ ထွက်ခွာမည်ဟု မျှော်လင့်ကြောင်း အဲဗာတန်အသင်းမန်နေဂျာ ရော်နယ်ကိုးမန်းက ပြောကြားသည်။

ဘာကလေ (၂၃)နှစ်သည် အသင်းနှင့် တစ်နှစ်စာချုပ်ကျန် သေးပြီး စာချုပ်သစ်ချုပ်ဆိုရန် ငြင်းဆန်ထားသည်။

 

‘‘ကျွန်တော်တို့က ကောင်း မွန်တဲ့ စာချုပ်သစ်ကမ်းလှမ်းခဲ့ ပေမယ့် သူက ငြင်းဆန်ခဲ့ပါတယ်’’ ဟု ကိုးမန်းက ဖွင့်ဟပြောကြား သည်။

ဆွမ်ဆီးအသင်းမှ ကွင်း လယ်လူ ရိုင်ဖီဆီဂတ်ဆန်ကို ပေါင်သန်း ၄၀ ဖြင့် အဲဗာတန်၏ ကမ်း လှမ်းမှုကို ဆွမ်ဆီးက ပယ်ချခဲ့ သော်လည်း ယင်းကစားသမားကို ခေါ်ယူရန် စိတ်ဝင်စားနေဆဲဖြစ်သည်ဟု ကိုးမန်းက ပြောသည်။ ဆွမ်ဆီးအသင်းက ၎င်းတို့ ၏ ကွင်းလယ်လူအတွက် ပေါင် သန်း ၅၀ အလိုရှိနေသည်။

အဲဗာတန်က ဘာကလေ အတွက် ပေါင်သန်း ၅၀ အလိုရှိနေသည်။ သို့သော် လာမည့် ၁၂လအတွင်း ၎င်းကစားသမားသည် ပြောင်းရွှေ့ကြေး အလွတ်ဖြင့် ပြောင်းရွှေ့နိုင်ခြေရှိသဖြင့် ရောင်းချမည့် ဈေးနှုန်းလျော့ကျလာနိုင် သည်။ အဲဗာတန်အကယ်ဒမီထွက် ဘာကလေသည် ပရီးမီးယားလိဂ် ပွဲ ၁၅၀ ကစားပြီး ၂၁ ဂိုးသွင်းယူ ထားသည်။

ထိုအတောအတွင်း ရီးရဲလ် နှင့် မန်စီးတီးတို့က ကမ္ဘာ့စံချိန် တင်ပြောင်းရွှေ့ကြးဖြင့် ခေါ်ယူ တော့မည်ဟု နာမည်ကြီးနေသော မိုနာကိုကွင်းလယ်လူ ဘက်ပီ (၁၈)နှစ်ကို အသင်းနှင့်စာချုပ် သစ် ချုပ်ဆိုရေး ဆွေးနွေးနေပြီဟု မိုနာကိုအသင်း ဒုတိယ ဥက္ကဋ္ဌ ဗာဒင်ဗာစီလ်ယက်က ပြောကြား သည်။ ယင်းကစားသမားအတွက် လေးလေးနက်နက်စုံစမ်းမှုများရ ရှိခဲ့သည်ဟု ၎င်းက ဝန်ခံပြောကြားသည်။