Live Score

 

မန်စီးတီးတိုက်စစ်မှူး အီယန်နာချိုကို လက်စတာက ပေါင် ၂၅ သန်းဖြင့် ခေါ်ယူ

မန်စီးတီးမှ နိုင်ဂျီးရီးယား တိုက်စစ်မှူး ကီလီချီအီယန်နာချို ကို လက်စတာစီးတီးအသင်းက ပေါင် ၂၅ သန်းဖြင့် အပြီးသတ်ခေါ်ယူခဲ့ကြောင်း ကြေညာသည်။

 


အီယန်နာချို (၂၀) နှစ်သည် လက်စတာနှင့် ငါးနှစ်စာချုပ်ချုပ် ဆိုပြီး ၎င်းသည် မန်စီးတီးတွင် နှစ် ရာသီကစားခဲ့စဉ်အတွင်း ပရီးမီး ယားလိဂ်ပွဲ ၄၆ ပွဲ ကစားကာ ၁၂ ဂိုး သွင်းယူနိုင်ခဲ့သည်။

သို့သော် ၎င်းသည် အဂူရို၊ ဘိုနီနှင့် ဂါဘရီရယ်ဂျီးဆပ်စ်တို့ နောက်တွင် အရန်အဖြစ်သာရှိနေ ခဲ့ပြီးနောက် လက်စတာသို့ ပြောင်းရွှေ့လာခြင်းဖြစ်သည်။

အီယန်နာချိုက နည်းပြရှိတ် စပီးယား၏ လက်စတာအသင်း ပထမပွဲထွက်လူစာရင်းတွင် ပါ ၀င်နိုင်ရန် စိတ်အားထက်သန်နေ ပြီး အသင်းအတွက် လိုချင်သော ရည်မှန်းချက်ရရှိအောင် ကူညီ မည်ဟု လက်စတာအသင်း ၀က်ဘ်ဆိုက်မှတစ်ဆင့် ပြော ကြားသည်။

နည်းပြနှင့် ပြောဆိုဆွေးနွေး မှုအပြီးတွင် ကျေနပ်အားရနေမိ ပြီး ယုံကြည်မှုပိုရှိလာသည်ဟု အီယန်နာချိုက ထပ်လောင်းပြော ကြားသည်။

လက်စတာနည်းပြ ရှိတ်စပီး ယားက မိမိတို့အနေဖြင့် ပရီးမီး ယားလိဂ်၏ အကောင်းဆုံး လူ ငယ်ကစားသမားများအနက် တစ် ဦးကို ခေါ်ယူနိုင်ခဲ့သည်ဟု ပြော ကြားသည်။

အီယန်နာချို ကစားခဲ့သော အသင်းများ၌ အဆင့်ဆင့်တိုင်း တွင် အရည်အချင်း ကြီးကြီးမား မားရှိကြောင်း ပြသနိုင်ခဲ့သည့် ကစားသမားဟု ရှိတ်စပီးယားက ပြောသည်။