Live Score

 

ဘာကာသို့ ပြောင်းရွှေ့လိုသည်ဟု ကော်တင်ဟိုပြောကြား

ဘာစီလိုနာသို့ လာမည့် ရက်ပိုင်းအတွင်း ပြောင်းရွှေ့လို သည်ဟု ပြောကြားထားသော ဘရာဇီးကွင်းလယ်လူ ကော်တင် ဟို၏ နေရာကို လီဗာပူးက ဝက်စ်ဟမ်းကွင်းလယ်လူ မန်နူရယ်လန်ဇီနီနှင့် အစားထိုးရန် ပြင်ဆင်နေ ကြောင်း ESPN သတင်းက ဖော် ပြသည်။

 

ကိုပါဒယ်ရေးဖလားချန်ပီ ယံဘာစီလိုနာက ယခုနွေရာသီ တွင် ဘင်ဖီကာမှ နောက်ခံလူ ဆီမီဒိုကို ခေါ်ယူထားပြီး အဲဗာတန်တောင်ပံကစားသမား ဒီလိုဖူးကို ပြန်လည်ခေါ်ယူထားသည်။

ကော်တင်ဟိုကို ပေါင်သန်း ၇၀ ဖြင့် ဘာစီလိုနာ၏ ကမ်းလှမ်း မှုကို လီဗာပူးက ပယ်ချခဲ့သော် လည်း ဘာစီလိုနာက ပေါင်သန်း ၉၀ ဖြင့် ခေါ်ယူနိုင်မည်ဟု ယုံ ကြည်ထားသည်။

လီဗာပူးနည်းပြ ဂျာဂန်က လော့ပ်က ကော်တင်ဟိုသည် ရောင်းရန်မဟုတ်ဟု ပြောထား သော်လည်း ဘာစီလိုနာက ၎င်း ကို ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူရန် ပြင်ဆင်နေသည်။

ကော်တင်ဟိုသည် လီဗာပူး နှင့် ဇန်နဝါရီက ငါးနှစ်စာချုပ် သက်တမ်းတိုးခဲ့သော်လည်း ယခု အခါဘာစီလိုနာနှင့် လီဗာပူးတို့ ညှိနှိုင်းနေပြီဖြစ်သည်။

ဥရုဂွေးတိုက်စစ်မှူး ဆွာ ရက်ဇ်သည် ၂၀၁၄ က နူးကမ့်သို့ ပြောင်းခဲ့ပြီး လီဗာပူး၏ အဓိက ကစားသမားဖြစ်သော ကော်တင် ဟိုကို ထပ်မံဆုံးရှုံးရပါက နည်းပြ ကလော့ပ်အတွက် စိတ်ပျက်စရာ အပြောင်းအရွှေ့တစ်ခုဖြစ်လာ နိုင်သည်။

ဘာစီလိုနာသည် ဘရာဇီး တိုက်စစ်မှူး နေမာ ပီအက်စ်ဂျီသို့ ကမ္ဘာ့စံချိန်တင်ကြေးဖြင့် ပြောင်း ရွှေ့ပြီးနောက် ၎င်း၏နေရာကို အစားထိုးရန် အားကိုးရမည့် အရည်အချင်းရှိ ကစားသမားရှာဖွေနေ ပြီး နေမာအတွက် ရရှိသော ယူရို ၂၂၂ သန်းကို အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မည်ဟု ဘာစီလိုနာအသင်း တာဝန်ရှိသူ များက ပြောကြားထားသည်။