Live Score

 

ကစားသမားလေးဦး ထပ်မံခေါ်ယူမည်ဟု စပါးနည်းပြ ကတိပြု

ယခုနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်တွင် ကစား သမားလေးဦးအထိ ရောင်းချထားသော် လည်း ကစားသမား သစ် ခေါ်ယူခြင်းမရှိသေးသည့် စပါးအသင်း အနေဖြင့် ဈေးကွက်မပိတ်မီ ကစားသမားသစ် လေးဦးအထိ ခေါ်ယူမည်ဟု စပါးနည်းပြပိုချက်တီနိုက ပရိသတ်များအား ကတိပြုပြောကြား သည်။

 


ပြီးခဲ့သည့်နှစ်က ပရီးမီးယား လိဂ် ဒုတိယနေရာရခဲ့သော စပါး သည် ကိုင်လီဝေါလ်ကာ၊ နာဘီ လံဘန်တာလက်၊ ကလင်တန်နမ် ဂျီနှင့် ဖက်ဒရီကိုဖာဇီယိုတို့ လေး ဦးကို စုစုပေါင်း ပေါင် ၇၂ သန်း ခန့်ဖြင့် ရောင်းပြီးနောက် လူသစ် ခေါ်ယူ အားဖြည့်ခြင်းမရှိသေး ပေ။

ပရီးမီးယားလိဂ်ပြိုင်ဘက် အသင်းများက ကစားသမားသစ် များကို ငွေအမြောက်အမြားသုံးစွဲ ၍ အားဖြည့်နေစဉ် စပါးက ကစားသမားသစ်ခေါ်ယူခြင်းမရှိ သေးသဖြင့် လာမည့် ၂၀၁၇-၁၈ ရာသီတွင် ဖလားစိန်ခေါ်နိုင်မည် မဟုတ်ဆိုသော စိုးရိမ်မှုများထွက် ပေါ်လာသည်။

သို့သော် သြဂုတ် ၃၁ ရက် အပြောင်းအရွှေ့ဈေးကွက်မပိတ် မီ ကစားသမားသစ်များ ခေါ်ယူ မည်ဟု ပိုချက်တီနိုက ကတိပြု ပြောကြားသည်။

‘‘ကျွန်တော်တို့အသင်းကို အားကောင်းအောင်လုပ်သွားမှာ ပါ။ ကျွန်တော်တို့ တိုက်ပွဲဝင်ရာမှာ ကူညီနိုင်မယ့် ကစားသမားတချို့ ခေါ်ယူသွားမှာပါ’’ဟု ပိုချက်တီနို က ပြောကြားသည်။

ယခုအချိန်တွင် အခြားအ သင်းကြီးများက ၎င်းတို့ငွေအား လုံးနီးပါးကို သုံးစွဲပြီးဖြစ်၍ ဈေး ကွက်အနေအထားအရ ပြိုင်ဆိုင် မှုအနည်းငယ် လျော့သွားပြီဖြစ် ရာ ယခုအခါ စပါးအသင်း အ လှည့်ရောက်ပြီဟု ပိုချက်တီနိုက ပြောသည်။

စပါးသည် ပရီးမီးယားလိဂ်ပွဲ စဉ်(၁)ကို တနင်္ဂနွေနေ့တွင် တန်း တက်နယူးကာဆယ်နှင့် ရင်ဆိုင်ရ မည်ဖြစ်သည်။