Live Score

 

ကော်တင်ဟိုကို ယူရို သန်း ၁၀၀ ဖြင့် ဘာစီလိုနာက ခေါ်ယူရန်ကြိုးပမ်းမှု လီဗာပူးပယ်ချ

အရေးပါသော ဘရာဇီး ကွင်းလယ်လူ ကော်တင်ဟိုကို ယူရို သန်း ၁၀၀ (ပေါင် ၉၀ ဒသမ ၃ သန်း)ဖြင့် ခေါ်ယူရန် ဘာစီလို နာ၏ ဒုတိယအကြိမ် ကြိုးပမ်းမှုကို လီဗာပူးက ပယ်ချကြောင်း ဗြိတိန် အသင်းများက ဖော်ပြသည်။

 

ပြီးခဲ့သည့် သီတင်းပတ်က ပီအက်စ်ဂျီသို့ ကမ္ဘာ့စံချိန်တင် ကြေး ယူရို ၂၂၂ သန်းဖြင့် ရောင်း ခဲ့သော ဘရာဇီးကြယ်ပွင့် နေမာ ၏ နေရာတွင် အစားထိုးရန် ဘာစီလိုနာက ကော်တင်ဟို(၂၅) နှစ်ကို ခေါ်ယူရန် ကြိုးပမ်းနေ သည်။

သို့သော် ၂၀၁၃ က အင်တာ မီလန်မှ လီဗာပူးသို့ ရောက်လာ သော ကော်တင်ဟိုသည် ရောင်း ရန်မဟုတ်ဟု နည်းပြ ဂျာဂန် ကလော့ပ်က ပြောကြားသည်။

တတိယအကြိမ် ကြိုးစား လာပါကလည်း အချည်းနှီးပင်ဖြစ် မည်ဟု ဘာစီလိုနာကို ပြောထား ကြောင်း လီဗာပူး အက်ခိုးသတင်း စာက ဖော်ပြသည်။

ဘာစီလိုနာက ကော်တင်ဟို အနေဖြင့် မက်ဆီ၊ ဆွာရက်ဇ်တို့ နှင့်အတူ ရှေ့တန်းတွင် ကစားနိုင် ရုံသာမက အသက် (၃၃)နှစ် ရှိပြီ ဖြစ်သော အင်နီယေစတာ၏ နေ ရာတွင်လည်း ကစားနိုင်သည်ဟု ယုံကြည်ထားသည်။

ကော်တင်ဟိုသည် ဘီလ် ဘာအိုနှင့် ခြေစမ်းပွဲတွင် ဒဏ်ရာ ကြောင့် ပါဝင်ကစားခြင်းမရှိဘဲ လီဗာပူး၏ ၀က်ဖို့ဒ်နှင့် ပရီးမီးယား လိဂ်အဖွင့်ပွဲ၌ လွဲချော်မည်ဖြစ် သည်။

ဘာစီလိုနာက ကော်တင်ဟို ကို ခေါ်ယူရန် နည်းလမ်းအားလုံး ဖြင့် ကြိုးပမ်းမည်ဖြစ်ကာ လုံးဝမ ဖြစ်နိုင်တော့ပါက ဒေါ့မွန်မှ ဒမ်ဘီ လီကို ခေါ်ယူမည်ဟု မျှော်လင့်နေ သည်။

ဒမ်ဘီလီ (၂၀) နှစ်က တစ် နေ့တွင် ဘာစီလိုနာ၌ ကစားလို သည်ဟု ပြောကြားထားသည်။