Live Score

 

ဆန်းချက်ဇ်ကို ပေါင်သန်း ၅၀ ဖြင့် မန်စီးတီးကမ်းလှမ်းမှု အာဆင်နယ် ပယ်ချ

ချီလီတိုက်စစ်မှူး ဆန်း ချက်ဇ်ကို ပေါင်သန်း ၅၀ ဖြင့် ပရီးမီးယားလိဂ်ပြိုင်ဘက် မန်စီး တီး၏ ကမ်းလှမ်းမှုကို အာဆင် နယ်က ပယ်ချခဲ့သည်။

 

ပြီးခဲ့သည့်ရာသီက ပရီးမီး ယားလိဂ်တွင် ၂၄ ဂိုးသွင်းယူခဲ့ သော ဆန်းချက်ဇ် (၂၈)နှစ်သည် လာမည့်နွေရာသီတွင် အာဆင် နယ်နှင့် စာချုပ်သက်တမ်းကုန် ဆုံးမည်ဖြစ်ကာ ဂွါဒီယိုလာအ တွက် ကစားပေးချင်နေသည်။

အာဆင်နယ်က ဆန်းချက်ဇ် အတွက် ချဉ်းကပ်မှုအားလုံးကို ဖယ်ရှားခဲ့ပြီး ဈေးကွက်မပိတ်မီ သဘောတူညီမှု ရရန်ဆိုလျှင် စတာလင်ကိုပါ ထည့်သွင်းရေး အလိုရှိနေသည်။ သို့သော် ဂွါဒီယိုလာက ဆန်းချက်ဇ်ကို ဝယ်ယူ ရေးသာ အလိုရှိသည်။

စတာလင်သည် မန်စီးတီး  ၏ ယခုရာသီသုံးပွဲစလုံးတွင် ပါ ဝင်ကစားခဲ့သည်။ သို့သော်မိုနာ ကိုမှ ဘာနာဒိုဆေးလ်ဗားရောက် ရှိလာသဖြင့် မန်စီးတီးတွင် စတာလင်အတွက် ပုံမှန်ပွဲထွက်ခွင့် မရေမရာဖြစ်နေသည်။ ထို့အပြင် စတာလင်က ၎င်း၏မွေးရပ်မြေ လန်ဒန်သို့ ပြန်ချင်နေသည်။

ဆန်းချက်ဇ်သည် ဘာစီလို နာတွင် ဂွါဒီယိုလာလက်အောက် ၌ ကစားခဲ့ပြီး ၂၀၁၄ က အာဆင် နယ်သို့ ပေါင် ၃၅ သန်းဖြင့် ပြောင်းရွှေ့လာသူဖြစ်သည်။

ချီလီအတွက် ကွန်ဖက်ဒရေး ရှင်းဖလားတွင် ပါဝင်ကစားခဲ့ပြီး နွေရာသီအားလပ်ရက် ပိုယူခဲ့ ကာ တနင်္ဂနွေနေ့က လီဗာပူးကို ၄-၀ ဂိုးဖြင့် ရှုံးသောပွဲ၌ အာဆင် နယ်အတွက် ပွဲထွက်ကစားခဲ့ သည်။