Live Score

 

အာဆင်နယ်ကွင်းလယ်လူ ချိမ်ဘာလိန်ကို ပေါင် ၃၅ သန်းဖြင့် လီဗာပူးခေါ်ယူ

အာဆင်နယ်နှင့် အင်္ဂ လန်ကွင်းလယ်လူ ချိမ်ဘာလိန် ကို လီဗာပူးအသင်းက ပေါင် ၃၅ သန်းဖြင့် ခေါ်ယူလိုက်သည်။

 

ချယ်လ်ဆီးသို့ ပြောင်းရွှေ့ ရန် ဈေးနှုန်းတစ်ရပ်ပင် သဘော တူညီခဲ့ပြီးနောက်ပိုင်းတွင် ပယ်ချ ခဲ့သော ချိမ်ဘာလိန်သည်လီဗာပူး တွင် တစ်ပတ်လစာပေါင် ၁၂၀,၀၀၀ ဖြင့် ငါးနှစ်စာချုပ်ချုပ် လိုက်သည်။

အာဆင်နယ်နှင့် စာချုပ် နောက်ဆုံးနှစ်ရောက်နေပြီဖြစ် သော ချိမ်ဘာလိန်သည် တစ်ပတ် လစာ ပေါင် ၁၈၀,၀၀၀ ဖြင့် အာ ဆင်နယ်က စာချုပ်သစ်ကမ်းလှမ်းမှုကို ပယ်ချပြီး အသင်းမှ ထွက် ခွာခဲ့ခြင်းဖြစ်သည်။

စိတ်လှုပ်ရှားစရာ ပါရမီရှိ သော ကစားသမားတစ်ဦးကို ခေါ် ယူနိုင်ခဲ့သဖြင့် အလွန်ပျော်ရွှင် ကြောင်း လီဗာပူးနည်းပြ ဂျာဂန် ကလော့ပ်က ပြောကြားသည်။ ချိမ်ဘာလိန်သည် စွန့်စားမှုများ ကို မကြောက်ဘဲ ယခုထက် ပိုမို ကောင်းလာနိုင်သော စိတ်ဓာတ် ရှိသူဖြစ်သည်ဟု ကလော့ပ်က ချီးကျူးပြောကြားပြီး လီဗာပူးမိသား စုက ကြိုဆိုပါကြောင်း ပြော သည်။ချိမ်ဘာလိန် (၂၄)နှစ်သည် ၂၀၁၁ က ဆောက်သမ်တန်မှ အာဆင်နယ်သို့ ရောက်လာခဲ့ပြီး ၁၉၈ ပွဲကစားကာ ဂိုး ၂၀ သွင်းယူ ခဲ့သည်။

လီဗာပူးသည် ယခုရာသီ တွင် ရိုးမားမှ တောင်ပံကစားသ မား မိုဟာမက်ဆာလာ၊ ဟူးလ်စီးတီး နောက်တန်းလူ ရော်ဘင်ဆင် နှင့် ချယ်လ်ဆီးတိုက်စစ်မှူးဆိုလန် ကီတို့ကို ခေါ်ယူထားသည်။ ထို့အ ပြင် လီဗာပူးသည် မိုနာကိုမှ ပေါင် ၇၅ သန်းသတ်မှတ်ထားသော တောင်ပံကစားသမား သောမတ် လီမားနောက်သို့ လိုက်နေကာဆောက်သမ်တန်နောက်တန်းလူ ဗန်ဒစ်ကိုဝယ် ယူရန်  ကြိုးစားနေသည်။

ကော်တင်ဟိုသည် ဘာစီလိုနာ၏ ပစ်မှတ်ဖြစ်နေဆဲဖြစ်ကာ လီဗာပူးမှတိုက်စစ်မှူး အိုရီဂီသည်ဝုဖ်ဘတ်အသင်းသို့ ပြောင်းရွှေ့မည်ဟု မျှော်လင့်ရသည်။