Live Score

 

သြဂုတ်အတွက် အကောင်းဆုံးကစားသမားဟု ဆာဒီယိုမာနေး ရရှိ

 သြဂုတ်အတွက် ပရီးမီး ယားလိဂ် အကောင်းဆုံးကစား သမားဆုကို လီဗာပူးတိုက်စစ်မှူး ဆာဒီယိုမာနေး ရရှိခဲ့သည်။ ဆီနီဂေါတိုက်စစ်မှူးသည် ကော်တင်ဟိုမပါသော လီဗာပူး အတွက် ရာသီအစကပင် ခြေစွမ်း ပြခဲ့ပြီး ပရီးမီးယားလိဂ်ပွဲသုံးပွဲ တွင် သုံးဂိုးသွင်းယူခဲ့ကာ လီဗာပူး အသင်းလည်း ခုနစ်မှတ်ရရှိခဲ့ သည်။

 

ဝက်ဖို့ဒ်နှင့် သုံးဂိုးစီသရေပွဲ၊ ခရစ္စတယ်ပဲလေ့စ်ကို ၁-၀ ဂိုး၊ အာဆင်နယ်ကို ၄-၀ ဂိုးဖြင့် နိုင်ပွဲ များတွင် မာနေးက ဂိုးများသွင်းယူ ခဲ့သည်။ ယနေ့ည မန်စီးတီးနှင့်ပွဲ တွင်လည်း ပါဝင်လာမည်မှာ အ သေအချာပင်ဖြစ်သည်။

လီဗာပူးအသင်းဖော် ဒီဂျန် လော့ဗ်ရန်ကလည်း ဆာဒီယိုမာ နေး၊ မိုဟာမက်ဘာလာနှင့် ဖာမီ နိုတို့၏ တိုက်စစ်အတွဲကို ချီးကျူး ပြောကြားသည်။

‘‘ကျွန်တော့်အတွက်တော့ သူတို့ဟာ အကောင်းဆုံးပါပဲ။ သူ တို့က အာဆင်နယ်ကို တော်တော် လေး ဒုက္ခပေးခဲ့ပါတယ်။ ရာသီ က ရှည်လျားပါတယ်။ အပြီးသတ် မှာ ဘယ်အသင်းထိပ်ဆုံးမှာ ရှိမှာ လဲကြည့်ရတာပေါ့။ ဒါပေမဲ့ ဒီ ကစားသမားသုံးဦးရဲ့ အစွမ်းကို ခင်ဗျားတို့ မြင်နိုင်ပါတယ်’’ဟု လော့ဗ်ရန်က ပြောကြားသည်။