Live Score

 

မန်စီးတီးအကြောင်း မစဉ်းစားဟု မော်ရင်ဟိုပြော

အဲဗာတန်ကို ဂိုးပြတ် နိုင်ပြီးနောက် မော်ရင်ဟိုက မန်ယူ၏ အခြားသော ဖလားပြိုင်ဘက် အသင်းအများစု အမှတ်လျော့ ကျရေး ပိုစိုးရိမ်နေမိသောကြောင့် မန်စီးတီးအကြောင်း လုံးဝစဉ်း စားခြင်းမရှိဟု ပြောသည်။

 

အဲဗာတန်ကို ၄-၀ ဂိုးဖြင့် နိုင်သော မန်ယူသည် မန်စီးတီး နှင့် ရမှတ်တူ ဂိုးပေါင်းအတူတူဖြင့် အမှတ်ပေးဇယားကို ဦးဆောင် ထားကာ နှစ်သင်းစလုံး ရလဒ်ပိုင်း အထူးကောင်းမွန်နေသည်။

သို့သော်ရာသီအစ၌ မန် ချက်စတာနှစ်သင်းစလုံး ရလဒ်ပိုင်း အထူးကောင်းမွန်နေခြင်း ကြောင့် မိမိတို့အသင်းအတွက် ဖိအားမရှိဟု လီဗာပူးနည်းပြ ဂျာ ဂန်ကလော့ပ်က အခိုင်အမာပြော ကြားသည်။ မန်ယူအနေဖြင့် လီဗာပူး၊ စပါး၊ ချယ်လ်ဆီးနှင့် အာဆင် နယ်တို့ အမှတ်ပြည့်မရရေး ပိုစိတ်ဝင်စားမိသောကြောင့် မန်စီးတီး အကြောင်း တစ်စက္ကန့်မျှ စဉ်းစား ခြင်းမရှိဟု မော်ရင်ဟိုက သတင်းထောက်များအား ပြောကြား သည်။

‘‘ကျွန်တော်စပါး၊ အာဆင် နယ်၊ ချယ်လ်ဆီးနဲ့ လီဗာပူးတို့ အကြောင်းကို စဉ်းစားပါတယ်။ သူတို့ရှုံးမယ် (ဒါမှမဟုတ်) အနိုင် မရကြဘူးဆိုတာကိုပေါ့။ မန်စီး တီးက သူ့အလုပ်သူလုပ်နေပြီး အ နိုင်ရနေတာပါ’’ဟု မော်ရင်ဟိုက ပြောသည်။ ငါးပွဲကစားပြီးနောက် မန်ယူ နှင့် ရမှတ်တူ ၁၃ မှတ်ဖြင့် ထိပ် ဆုံးမှ ဦးဆောင်ထားနိုင်သော် လည်း မန်စီးတီးနည်းပြ ဂွာဒီယို လာက မိမိတို့အသင်းသည် ခြေ စွမ်းပိုင်း ယခင်ကထက် တိုးတက် လာသော်လည်း ဖလားရရှိထား သော ချယ်လ်ဆီး၏ ခြေစွမ်းကို လိုက်မမီနိုင်သေးဟု ပြောသည်။

ချယ်လ်ဆီးကဲ့သို့ အသင်း မျိုးနှင့် ပခုံးချင်းယှဉ်နိုင်ပြီလားဟု မေးမြန်းရာ ဂွာဒီယိုလာက မိမိတို့ စောင့်ကြည့်ရမည်ဖြစ်ပြီး ယမန် နှစ်ကထက် မိမိတို့ ရှေ့သို့ ခြေ တစ်လှမ်းပိုလှမ်းနိုင်ပြီဟု ယူဆ ကြောင်း ပြောကြားသည်။

သို့သော်လီဗာပူးနည်းပြ ကလော့ပ်က ယခုရာသီတွင် ပရီး မီးယားလိဂ်ဖလားကို စိန်ခေါ်ရန် မန်ချက်စတာနှစ်သင်း အခြေအ နေကောင်းနေပုံရသည်ဟု ပြော ကြားသည်။