Live Score

 

ကစားသမားများ ဘ၀င်မမြင့်ကြရန် နယူးကာဆယ်နည်းပြ ပြောကြား

ယနေ့ည ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန်ကွင်းသို့ သွားရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေစဉ် အသင်းအနေဖြင့် ရလဒ်ကောင်းများ ဆက်တိုက်ရရှိနေမှုကို မသာယာကြရန် နည်းပြ ဘင်နီတက်ဇ်က ပြောကြားသည်။

 

သုံးပွဲဆက် အနိုင်ရပြီး နောက် နယူးကာဆယ်သည် ပရီးမီးယားလိဂ်အမှတ်ပေးဇယား တွင် အဆင့် (၅)၌ရှိနေပြီး ထိပ်ဆုံး အသင်းများနှင့် ရမှတ်မကွာဟ အောင် စွမ်းဆောင်ထားနိုင်သည်။

သို့သော် ဘင်နီတက်ဇ်က အမှတ်ပေးဇယားရပ်တည်မှု ထက် လေ့ကျင့်ရေးကွင်း၌ ကစား သမားများ၏ လုပ်အားနှုန်းကို ပို၍ ကျေနပ်ကြောင်း ပြောကြားသည်။

‘‘ဇယားကို ကျွန်တော်ကြည့် ရပါမယ်။ ဒါပေမဲ့ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော် တကယ်ကို မစိုးရိမ်တာပါ။ ကျွန်တော့်ရဲ့ အဓိကတာဝန်က အသင်းကို တစ်ပြေးညီတဲ့ စိတ်ပြင်းပြမှုနဲ့ကစားဖို့ သေချာ အောင်လုပ်ဆောင်ဖို့ပါ။ ဘရိုက် တန်အကြောင်းကိုလည်း လုံးဝ ထည့်စဉ်းစားပါတယ်။ နောက်ဆုံး ပွဲပြီးတော့ ကျွန်တော်တို့မှာ တိုး တက်ဖို့အတွက် အခန်းကဏ္ဍတွေ အများကြီး ကျန်သေးတယ်လို့ ပြောခဲ့ပါတယ်’’ဟု ဘင်နီတက်ဇ် က ပြောသည်။

ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် အဖြစ် စပါးနှင့်ပွဲစဉ်တွင် ခြေ ချင်းဝတ်ဒဏ်ရာရရှိခဲ့သည့် ဗဟို နောက်ခံလူ ဖလိုရီယန်လီဂျူနီ သည် ယင်းဒဏ်ရာမှ အပြည့်အ၀ သက်သာလာခြင်းမရှိသေးသဖြင့် ယခုပွဲစဉ်တွင် ပါဝင်နိုင်ဖွယ်မရှိပေ။

အသက် (၂၆)နှစ်အရွယ်ရှိ ပြင်သစ်ကစားသမားသည် ပြီးခဲ့သည့် သီတင်းပတ်က စတုတ်စီးတီးကို ၂-၁ ဂိုးဖြင့် အနိုင်ရသည့် ပွဲတွင် ထည့်သွင်းအသုံးပြုခြင်းမရှိခဲ့သော အရန်ကစားသမားတစ်ဦး ဖြစ်သည်။