Live Score

 

လီဗာပူးနှင့်ပွဲမတိုင်မီ မာတာ ယုံကြည်မှုအပြည့်ရှိ

လီဗာပူးနှင့်မန်ယူသည် အင်္ဂလန်တွင် ၎င်းတို့၏ ပြင်းထန် သော ပြိုင်ဆိုင်မှုကို အသစ်တစ် ဖန် ထပ်မံရင်ဆိုင်မည်ဖြစ်ကာ ထိပ်ဆုံး၌ ပြေးနေသော မန်ယူက အန်ဖီးလ်ကွင်းသို့ သွားကစားရ မည်ဖြစ်သည်။


ပြိုင်ဘက်နှစ်သင်းကြား ရမှတ်ကွာဟနေသော်လည်း မန်ယူအသင်းသည် ယခုအချိန်ထိ ထိပ်သီးအသင်းများနှင့်မတွေ့ဆုံ ရသေးဘဲ လီဗာပူး၏ စမ်းသပ်မှုကို ခံယူရမည်ဖြစ်သည်။

မန်ယူကွင်းလယ်လူ မာတာ က လီဗာပူး-မန်ယူပွဲကဲ့သို့ ပွဲမျိုး အခြားနေရာတွင်မရှိဟု ၀န်ခံခဲ့ပြီး ယင်းပွဲအတွက် ယုံကြည်မှုအပြည့် ရှိကြောင်းပြောသည်။

လီဗာပူးနှင့်ပွဲသည် မန်ယူ၏ အကြီးကျယ်ဆုံးပွဲဖြစ်ပါသလား ဟု မေးမြန်းရာ မာတာက ‘‘ကျွန်တော် အဲဒီလိုပဲ ယုံကြည်ပါတယ်။ ကျွန်တော်ဒီကို ရောက်လာကတည်းက ဒီနှစ်သင်းကြား ပြိုင်ဆိုင်မှုကြီးကျယ်တယ်ဆိုတာ သိလာခဲ့တယ်။ လေ့ကျင့်ရေးကွင်းက လူတွေ၊ လမ်းပေါ်က ပရိသတ်တွေအားလုံးက လီဗာပူးနဲ့ပွဲဟာ တကယ့်ပွဲပဲဆိုတာကို သတိပေးနေကြတယ်’’ဟု မာတာက ပြောကြားသည်။

လီဗာပူးသည် မန်ယူနှင့် ပရီးမီးယားလိဂ်၌ နောက်ဆုံးခြောက်ကြိမ်တွေ့ဆုံမှုတွင် နိုင်ပွဲမရခဲ့သော်လည်း ယင်းမှတ်တမ်းမှာ ယနေ့ညပွဲတွင် အကျုံးဝင်မည် မဟုတ်ဟု မန်ယူနည်းပြ မော်ရင် ဟိုက ပြောကြားသည်။

‘‘ဒီလိုပွဲမျိုးတွေမှာ အချိန် တစ်စက္ကန့်တိုင်း အရေးကြီးပါ တယ်။ ကျွန်တော်တို့ဟာ ကစား သမားကောင်းတွေရှိနေတဲ့အ သင်းကောင်းနဲ့ ရင်ဆိုင်ရမှာပါ’’ ဟု မော်ရင်ဟိုက ပြောသည်။

မန်ယူအသင်းသည် ဒဏ်ရာ ရနေသော ကွင်းလယ်လူ ဖယ်လိုင်နီကို အသုံးပြုနိုင်မည်မဟုတ်သလို ပေါ့ဂ်ဘာလည်း ဒဏ်ရာကြောင့် ကစားနိုင်မည်မဟုတ်ပေ။

လီဗာပူးတွင် မာနေး မပါဝင်နိုင်ခြင်းသည် ကြီးမားသော ထိုးနှက်ချက်ဖြစ်ပြီး အဝေးရောက်နေသော ကော်တင်ဟိုနှင့် ၀စ်နယ်လ်ဒန်တို့လည်း အသင်းနှင့်အတူ လေ့ကျင့်ခန်းမဆင်းနိုင်ခဲ့ပေ။

ထိုအတောအတွင်း လွန်ခဲ့ သော သီတင်းနှစ်ပတ်က ကား မတော်တဆမှုကြောင့် နံရိုးတစ် ချောင်းကျိုးခဲ့သော မန်စီးတီးမှ အဂူရိုသည် စတုတ်နှင့်ပွဲ မတိုင်မီ အသင်းနှင့်အတူ လေ့ကျင့်ခဲ့သည်။ ဘောလုံးကစားရန် အသင့်ဖြစ်နေပြီဟု အဂူရိုက တွစ်တာ စာမျက်နှာတွင် ရေးသားသည်။