Login

Live Score

 

ချယ်လ်ဆီးအကြောင်း မော်ရင်ဟို ပါးစပ်ပိတ်နေရန် ကွန်တီသတိပေး

မန်ယူနည်းပြ မော်ရင်ဟို အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ကြည့် ရန်လိုပြီး အသင်းဟောင်း ချယ်လ်ဆီးနှင့်ပတ်သက်သော ပြောဆိုမှု ရပ်တန့်ရမည်ဟု နည်းပြကွန်တီ က သတိပေးသည်။

 

ယခုရာသီတွင် ချယ်လ်ဆီး အသင်းသားများ၏ ဒဏ်ရာ ပြဿနာများနှင့်ပတ်သက်၍ ကွန် တီက ညည်းတွားခဲ့ပြီး ချန်ပီယံ လိဂ်၌ ရိုးမားနှင့် သုံးဂိုးစီ သရေ ကျပြီးနောက် ၎င်းတို့အသင်းသည် အရေးပေါ်အခြေအနေ ရောက် နေပြီဟု ပြောကြားသည်။

ချယ်လ်ဆီးကို နှစ်ရာသီကိုင် တွယ်ခဲ့သော မော်ရင်ဟိုက ဒဏ် ရာပြဿနာနှင့်ပတ်သက်၍ ငို ကြွေးပြီးရင်း ငိုကြွေးနေသော  နည်းပြများရှိသည်ဟု ပြောသည်။

မော်ရင်ဟိုသည် ချယ်လ်ဆီး တွင် ဘာဖြစ်နေသည်ဆိုသည်ကို အချိန်ကြာမြင့်စွာကြည့်နေ ကြောင်း ကွန်တီက ပြောသည်။

ကွန်တီကို တိုက်ရိုက်ပြော ကြားခြင်းမဟုတ်သော မော်ရင် ဟို၏ မှတ်ချက်များနှင့်ပတ်သက် ၍ မေးမြန်းရာ ကွန်တီက မော်ရင် ဟိုသည် အခြားအသင်းများကို မ ကြည့်ဘဲ ကိုယ့်ကိုယ်ကိုယ် ကြည့် သင့်သည်ဟုဖြေကြားသည်။

ချယ်လ်ဆီးကွင်းလယ်တွင် ပါဝင်ကစားသော ဒေးဗစ်လူးဝစ် နှင့် ဘာကာယိုကိုတို့နှစ်ဦးစလုံး ရိုး မားနှင့်ပွဲ၌ ဒဏ်ရာရခဲ့ပြီး ကန်တီ၊ ဒရင့်ဝါတာတို့လည်း မပါဝင်နိုင်ဖြစ်နေကာ ချယ်လ်ဆီးကွင်းလယ်တွင် ဖာဘရီဂတ်စ်တစ်ဦးသာ လူဟောင်းအနေဖြင့်ရှိတော့သည်။

‘‘ကျွန်တော်တို့မှာ ဒဏ်ရာရ ခဲ့သူ သုံးယောက်ရှိတယ်။ ခုနစ် ယောက် ရှစ်ယောက်မဟုတ်ပေ မယ့် အဲဒါဟာ ကျွန်တော်တို့အ တွက် အရေးပေါ်အခြေအနေပါ’’ ဟု  ကွန်တီက ပြောသည်။