Live Score

 

ပရီးမီးယားလိဂ်ဖလားဆွတ်ခူးရန် မန်စီးတီးသေချာဟု လီဗာပူးနည်းပြ ဟောကိန်းထုတ်

မန်စီးတီးအသင်းသည် ယခုရာသီအစ၌ ခြေစွမ်းကောင်းများ ဆက်တိုက်ပြခဲ့ပြီးနောက် ပရီးမီးယားလိဂ်ဖလားအတွက် ယှဉ်ပြိုင်မှုပြီးဆုံးပြီဖြစ်နိုင်ကြောင်းလီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်က ပြောကြားသည်။

 

မန်ယူက ဟတ်ဒါဖီးလ်ကို ယခုရာသီပထမဆုံးရှုံးပွဲကြုံတွေ့စဉ် မန်စီးတီးက ဘန်လေကို ဂိုးပြတ်နိုင်ပြီး အနီးဆုံးနေရာမှ မန်ယူကို ငါးမှတ်ဖြတ်ထားသည်။ မန်စီးတီးသည် လီဗာပူးနှင့် စပါး မယှဉ်ပြိုင်မီ လီဗာပူးကို ၁၂ မှတ် ဖြတ်ထားသည်။

ပရီးမီးယားလိဂ်တွင် လီဗာပူးသည် စပါးကွင်းသို့ သွား ရောက်မယှဉ်ပြိုင်မီ ပရီးမီးယား လိဂ်နောက်ဆုံး ငါးပွဲ၌ တစ်ပွဲသာအနိုင်ရခဲ့သည်။

ဖလားအတွက် ယှဉ်ပြိုင်မှု အဆုံးသတ်ပြီလားဟု မိမိကိုမေးပါက မန်စီးတီးသည် အလွန် တောင့်တင်းပြီး ဇယားထိပ်ဆုံး၌ ဦးဆောင်ရှေ့ဆက်နေသဖြင့် ယခုယှဉ်ပြိုင်မှု အဖြေပေါ်လာ ဖွယ်ရှိသည်ဟု ကလော့ပ်က ပြောသည်။

သို့သော် နောက်ထပ်ယှဉ် ပြိုင်စရာပွဲများစွာရှိနေပြီး မိမိတို့ ၏ ခြေစွမ်းသည်လည်း ယမန်နှစ် ကထက် များစွာတိုးတက်လာ သည်ဟု ထင်ကြောင်း ကလော့ပ် က ပြောသည်။

ရလဒ်ပိုင်း များများစားစားတိုးတက်မှုမရှိသော်လည်း အခွင့်အရေးဖန်တီးနိုင်မှုနှင့် ခြေစွမ်းပိုင်း တိုးတက်လာသည်ဟု ကလော့ပ်က ပြောသည်။