Live Score

 

မန်စီးတီး၏ သွင်းဂိုးအများဆုံးစံချိန်ကို အဂူရိုလိုက်မီ

အာဂျင်တီးနားတိုက်စစ် မှူး အဂူရိုသည် စနေနေ့က ဘန် လေကို ၃-၀ ဂိုးဖြင့်နိုင်သောပွဲ တွင် ပင်နယ်တီမှတစ်ဆင့် ဂိုးသွင်း ယူနိုင်ပြီး မန်စီးတီးအသင်း၏ ထာဝရသွင်းဂိုးစံချိန်နှင့် တူညီခဲ့ သည်။

 

ယင်းမှာ မန်စီးတီးအတွက် အဂူရိုသွင်းယူသော ၁၇၇ ဂိုး မြောက်ဂိုးဖြစ်ပြီး ၁၉၂၈ နှင့် ၁၉၃၉ ခုနှစ်ကြား မန်စီးတီးတွင် ကစား သော အဲရစ်ဘရု့စ်၏ စံချိန်နှင့် တူညီခဲ့သည်။

အဂူရို (၂၉) နှစ်သည် ကားမ တော်တဆဖြစ်ကာ နံရိုးကျိုးပြီးနောက် မန်စီးတီးအတွက် ပထမဆုံးပါဝင်ကစားသောပွဲ၌ တစ်ဂိုးသွင်းယူခဲ့သည်။

အဂူရိုသည် ၂၀၁၁ က အက်သလက်တီကိုမှ မန်စီးတီးသို့ ပြောင်းလာပြီး ပရီးမီးယားလိဂ် ဖလားနှစ်လုံး၊ လိဂ်ဖလားနှစ်လုံး ရရှိအောင် ကူညီထားသည်။

အဂူရို၏ အသင်းဖော် ဖာဘီ ယံဒက်ပ်က ၎င်းသည် ပရီးမီးယား လိဂ်၏ အကောင်းဆုံးတိုက်စစ်မှူး ဖြစ်သည်ဟု ပြောကြားသည်။

PFA တစ်နှစ်တာအကောင်း ဆုံးကစားသမားဆုတစ်ခါမျှ မရ ဖူးသော်လည်း အဂူရိုသည် ကမ္ဘာ့ အဆင့်တိုက်စစ်မှူးဖြစ်ကာ မန်စီး တီး၏ အကျော်ဇေယျဘောလုံး  သမားဖြစ်နှင့်နေပြီဟု ဒက်ပ်က ပြောသည်။

အဂူရိုသည် အရည်အသွေး မြင့် ကစားသမားဖြစ်ပြီး ဂိုးသွင်းယူရသည်ကို နှစ်ခြိုက်သည်ဟု ဒက်ပ်ကပြောသည်။

မန်စီးတီး၏ ထာဝရဂိုးသွင်း စံချိန်ကို အဂူရိုချိုးဖျက်ချိန်တွင် ၎င်းကို ညစာအတူစားရန် ဖိတ်ခေါ်မည်ဖြစ်ကြောင်း မန်စီးတီးနည်းပြ ဂွာဒီယိုလာက ပြောသည်။