Live Score

 

ရိုးမားနှင့်ပွဲမတိုင်မီ ကန်တီ ကြံ့ခိုင်မှုပြည့်ဝမည်ဟု ချယ်လ်ဆီးနည်းပြကွန်တီမျှော်လင့်

ယနေ့ည ရိုးမားနှင့် ချန် ပိယံလိဂ်ပွဲအတွက် ကွင်းလယ်လူ အန်ဂိုလိုကန်တီကို ရွေးချယ်နိုင် မည်ဟု မျှော်လင့်ကြောင်း ချယ်လ်ဆီးနည်းပြ အန်တိုနီယိုကွန်တီက ပြောကြားသည်။

 

ကန်တီသည် ယခုလအစော ပိုင်းတွင် ပြင်သစ်အသင်းနှင့်ကစားခဲ့စဉ် ပေါင်တွင်းကြောဒဏ် ရာရရှိခဲ့ပြီး လွန်ခဲ့သော ၁၁ ရက် က ရိုးမားနှင့် သုံးဂိုးစီသရေကျ သည့် ပွဲအပါအဝင် ချယ်လ်ဆီး၏ နောက်ဆုံး ငါးပွဲ လွဲချော်ခဲ့သည်။

ချယ်လ်ဆီးသည် ရမှတ် ခု နစ်မှတ်ဖြင့် အုပ်စု (C)ထိပ်ဆုံး၌ ရပ်တည်နေပြီး ရောမမြို့ပွဲတွင် အနိုင်ရရှိပါက ချန်ပီယံလိဂ် နောက်တစ်ဆင့် တက်ရန် သေချာမည်ဖြစ်သည်။ သို့သော်ပြင်သစ် ကွင်းလယ်လူကို အရဲစွန့်၍ အ သုံးပြုမည်မဟုတ်ဟု ကွန်တီက ပြောသည်။

‘‘သူအဆင်သင့်ဖြစ်နိုင်ပါ တယ်။ ဒီကစားသမားရဲ့ အရေး ပါပုံကို ကျွန်တော်ကောင်းကောင်း သိပါတယ်။ သူအဆင်သင့်ဖြစ် တယ်ဆိုတာကိုတော့ သေချာစေ ချင်ပါတယ်။ ဒီပွဲမှာ သူ့ကို သုံးနိုင် ဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ဒီလိုစွန့်စားမှုမျိုးတော့ မလုပ်ချင် ပါဘူး။ သူအသင့်ဖြစ်ရင် ကစား ပါလိမ့်မယ်’’ဟု ကွန်တီကပြော သည်။

ထိုအတောအတွင်း ဘင်ဖီ ကာကို လက်ခံကစားမည့် မန်ယူ ကလည်း နိုင်ပွဲရရှိပါက အုပ်စု (A)မှ နောက်တစ်ဆင့်တက်ရန် သေချာမည်ဖြစ်သည်။ ထို့အတူ အုပ်စု(B)ထိပ်ဆုံးရှိ ပီအက်စ်ဂျီက အိမ်ကွင်းတွင် အန်ဒါလက်ခ်ျကို နှိမ်နင်းပြီး နောက်တစ်ဆင့် တက်မည့်အခွင့်အရေး ရယူဖွယ်ရှိ သည်။

ချယ်လ်ဆီးနှင့် ရိုးမားတို့ ကစားမည့် အုပ်စု(C)တွင် ယခု ရာသီရုန်းကန်နေရသော အက်သ လက်တီကိုအနေဖြင့် ပြိုင်ပွဲ၌ ရှေ့ ဆက်နိုင်ရန် ကာရာဘက်ကို အ နိုင်ကစားရမည်ဖြစ်သည်။

အုပ်စု(D)တွင် ခြေစွာနေ သော ဘာစီလိုနာက အောက်ဆုံး မှ အိုလံပီယာကော့စ်ကို အနိုင်ယူ ရန် အခြေအနေကောင်းနေပြီး ဂျူ ဗင်တပ်က စပို့တင်းလစ္စဘွန်းကွင်းသို့ သွားရောက်ယှဉ်ပြိုင်ရ မည်ဖြစ်သည်။