Login

Live Score

 

မစ်ခီတာယန်နှင့် ဆန်းချက်ဇ်လဲလှယ်မှု ၂၄ နာရီ အတွင်း ဖြစ်လာနိုင်ဟု ဝင်းဂါးအတည်ပြု

ချီလီတိုက်စစ်မှူး ဆန်း ချက်ဇ် မန်ယူသို့ ပြောင်းရွှေ့မှု သည် ၂၄ နာရီအတွင်း ဖြစ်နိုင် ကြောင်း အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ဇန်နဝါရီ ၁၈ ရက်တွင် အတည်ပြုပြောကြား သည်။

 

မန်ယူက ဆန်းချက်ဇ်ကို ခေါ်ယူရန် အာဆင်နယ်သို့ အလိုက် ပေးမည့် မစ်ခီတာယန်၏ လုပ်ခလစာသည် မိမိတို့အတွက် ပြဿနာမရှိဟု ဝင်းဂါးက ပြောသည်။

ဆန်းချက်ဇ်အသင်းပြောင်း ရွှေ့မှုတွင် မစ်ခီတာယန်ပါဝင်သ လားဟု မေးမြန်းရာ ဝင်းဂါးက ‘‘ပါတယ်လို့ ကျွန်တော်နားလည် ထားပါတယ်။  လစာက ပြဿနာ မဟုတ်ပါဘူး’’ဟု ပြောသည်။

သို့သော်အာဆင်နယ်မှ ထွက်ခွာမည်ဟု သတင်းကြီးနေ သော နောက်ထပ်ကြယ်ပွင့်တစ် ဦးဖြစ်သည့် ဂျာမနီတိုက်စစ်မှူး အိုဇေးလ်သည် ယခုလအတွင်း အခြားအသင်းတစ်သင်းသို့ ပြောင်းရွှေ့မည်မဟုတ်ဟု ဝင်းဂါး က ပြောသည်။

မန်ယူက ဆန်းချက်ဇ်အား တစ်ပတ်လုပ်ခပေါင် ၃၅၀,၀၀၀ ကျော်ပေးရန် ပြင်ဆင်ထားသည်။

ထိုအတောအတွင်း အာ ဆင်နယ်က ဒေါ့မွန်မှ အော်ဘာ မီယန်ကို ခေါ်ယူရန် ကြိုးပမ်း နေသည်။ နောက်ထပ်ကွင်းလယ် လူတစ်ဦးဖြစ်သော ဂျက်ဝီလ် ရှိုင်းယားသည် ယခုနွေရာသီတွင် စာချုပ်သက်တမ်းကုန်မည်ဖြစ် သော်လည်း ဝင်းဂါးက ယင်း အင်္ဂလန်ကွင်းလယ်လူကို စာချုပ်သက်တမ်းတိုးရေး ဆွေးနွေးမှုများ အခြေအနေကောင်းသည်ဟု ပြော သည်။ ဝင်းဂါးက ယခုအပြောင်း အရွှေ့ကာလသည် မိမိတို့အ တွက် ယခင်အချိန်များထက် အနှောင့်အယှက်ပိုဖြစ်စေသဖြင့် အပြောင်းအရွှေ့ဈေးကွက်သို့ အလွန်လျင်မြန်စွာ ပြန်ဝင်ရန် အ ရေးကြီးသည်ဟု ပြောသည်။ မိမိ တို့၏ အဓိကကစားသမားများ စာချုပ်သက်တမ်းကုန်ချိန် ရောက်နေပြီဖြစ်၍ အင်အားဖြည့်တင်း ရန် အရေးကြီးသည်ဟု ဝင်းဂါးက ပြောသည်။