Login

Live Score

 

ဟယ်ရီကိန်းကို စံချိန်တင်ကြေးဖြင့် ကမ်းလှမ်းလျှင်ပင် ရောင်းမည်မဟုတ်ဟု စပါးအသင်းပြော

လန်ဒန်- အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းကို ရီးရဲလ်က ကမ္ဘာ့ စံချိန်တင်ကြေးဖြင့် ကမ်းလှမ်းလာလျှင်ပင် ရောင်းမည်မဟုတ် ကြောင်း စပါးအသင်း တာဝန်ရှိသူ များက ပြောသည်။

 

ဘာကာမှ ပီအက်စ်ဂျီသို့ နေမာပြောင်းရွှေ့ခဲ့သည့် စံချိန် တင်ကြေးထက် ပို၍ပေးကာ ရီးရဲလ်က ဟယ်ရီကိန်းကို ခေါ်ယူ ရန် ကြိုးပမ်းနေကြောင်း သတင်း များ ထွက်ပေါ်နေသည်။

သို့သော်စပါးက ရီးရဲလ်၏ ချဉ်းကပ်မှုမှန်သမျှကို ပယ်ချမည် ဟုပြောပြီး စပါးအသင်းအမှု ဆောင်အရာရှိချုပ် ဒါနီရယ်လီဗီ က ယခုနွေရာသီတွင် မည်သည့် ကစားသမားမျှ ရောင်းချမည် မဟုတ်ဟု ပြောသည်။

‘‘ကျွန်တော်ရာနှုန်းပြည့်ယုံ ကြည်ပါတယ်။ ကျွန်တော်တို့ ဆက်ထိန်းထားချင်တဲ့ ကစားသ မားတိုင်း လာမယ့်ရာသီမှာ စပါး မှာရှိနေမယ်ဆိုတာ သေချာပြော လိုက်ပါမယ်’’ဟု ၎င်းကဆိုသည်။

ကိန်းသည် ယခုရာသီတွင်  စပါးအတွက် အကောင်းဆုံးခြေ စွမ်းများ ပြသနေပြီး ယခုလဆန်းက ပရီးမီးယားလိဂ် ဂိုးသွင်းစံချိန်တွင် ရပ်တည်ခဲ့ကာ ရှာရင်ဂမ် တင်ထားသော ၉၇ ဂိုးစံချိန်ကို ဖြတ်ကျော်၍ သွင်းဂိုး ၉၈ ဂိုးရှိလာ သည်။