Login

Live Score

 

နည်းပြမာကိုဆေးလ်ဗားကို ဝက်ဖို့ဒ်အသင်း ထုတ်ပယ်

လန်ဒန်- ပေါ်တူဂီလူမျိုးနည်းပြ မာကိုဆေးလ်ဗားကို အဲဗာတန်က နိုဝင်ဘာအတွင်း ချဉ်းကပ်မှု အပေါ် အပြစ်တင်ကာ ဝက်ဖို့ဒ်အ သင်းက ၎င်းကို နည်းပြရာထူးမှ ထုတ်ပယ်လိုက်သည်။

 

ဝက်ဖို့ဒ်သည် ပရီးမီးယား လိဂ်နောက်ဆုံး ၁၁ ပွဲတွင် တစ်ပွဲ သာနိုင်ပြီး အမှတ်ပေးဇယား နံပါတ် (၁၀)သို့ ရောက်နေကာ တန်းဆင်းဇုန်နှင့် ငါးမှတ်သာကွာ တော့သည်။

ဝက်ဖို့ဒ်က ဆေးလ်ဗား၏ နေရာတွင် စပိန်နိုင်ငံသားဂျာဗီဂ ရာဇီယာအား ယခုသီတင်းပတ် အတွင်း အစားထိုးခန့်အပ်မည်ဟု မျှော်လင့်ရသည်။

ဂရာဇီယာသည် အမိမြေ ရုရှားနှင့် ဂရိနိုင်ငံတွင် နည်းပြ အလုပ်ကို (၁၀) နှစ်ဖြတ်သန်းခဲ့ပြီး နောက် ရုရှားကလပ် ရူဘင်ကာ ဇန်မှ ဇွန်လက ထွက်ခွာခဲ့သည်။

၎င်းသည် ၂၀၁၂ နောက်ပိုင်း ဝက်ဖို့ဒ်အသင်း၏ ၁၀ ဦးမြောက် နည်းပြဖြစ်လာမည်ဖြစ်သည်။

ဆေးလ်ဗား (၄၀)နှစ်ကို မေ လက ခေါ်ယူခန့်ထားခြင်းသည် မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ပြီး ယခုလိုထုတ်ပယ်ရန် ဆုံးဖြတ် ချက်ကို လေးလေးနက်နက်စဉ်းစားပြီးမှ ချမှတ်ခဲ့ကြောင်း ဝက်ဖို့ဒ် အသင်း၏ ကြေညာချက်၌ ဖော်ပြ သည်။

ဆေးလ်ဗားသည် ပရီးမီးယားလိဂ် ယခုရာသီတွင် အလုပ်နေရာဆုံးရှုံးရသော အဋ္ဌမမြောက် နည်းပြဖြစ်လာသည်။ ခရစ္စတယ် ပဲလေ့စ်၊ အဲဗာတန်၊ လက်စတာ၊ စတုတ်၊ ဆွမ်ဆီး၊ ဝက်စ်ဘရွန်း နှင့် ဝက်စ်ဟမ်းအသင်းတို့သည် နည်းပြနေရာများ ပြောင်းလဲခဲ့ သည်။