Login

Live Score

 

ဘရာဇီးဂန္ထဝင်ကစားသမား ရော်နယ်ဒို ချန်ပီယံရှစ် ကလပ်တစ်ခုဝယ်ရန် စီစဉ်

ရီးရဲလ်နှင့် ဘရာဇီးတိုက်စစ်မှူးဟောင်း ရော်နယ်ဒိုနာ ဇာရီယိုက အင်္ဂလန်နှင့် စပိန်ရှိ ဒုတိယတန်းလိဂ်မှ ကလပ်တစ်ခုကို ဝယ်ယူရန် စီစဉ်နေကြောင်း ပြောကြားသည်။

 

ရော်နယ်ဒိုက Fotha de Sao Paulo သတင်းဌာနနှင့် တွေ့ဆုံမှုအတွင်း ယင်းသို့ ပြောကြားခြင်းဖြစ်သည်။ ၂၀၁၁ တွင် ဘောလုံး လောကမှ အနားယူခဲ့သော်လည်း ၎င်းကျင်လည်ရာ လောကနှင့် ဆက်လက်နီးစပ်လိုသည်ဟု ပြောထားသော ရော်နယ်ဒိုက အသင်းကြီး တစ်သင်း၏ ပိုင်ရှင်ဖြစ်လာရန် စိတ်ကူးထားပြီး ယင်းမတိုင်မီ ဒုတိယတန်းကလပ်တစ်ခုကို ဝယ်ယူ ရန် စီစဉ်နေသည်ဟု ပြောသည်။

အင်္ဂလန်ချန်ပီယံရှစ်နှင့် စပိန်ဆီဂွန်ဒါလိဂ်မှ အသင်းတစ်သင်း ကို ဝယ်ယူပျိုး ထောင်ရန် စီစဉ်နေသည်ဟု ၎င်းက ပြောသည်။ ‘‘စပိန် (ဒါမှမဟုတ်)  အင်္ဂလန်က ဒုတိယတန်းအသင်း တစ်သင်းကို ဝယ်ဖို့ ကျွန်တော် စဉ်းစားထားပါတယ်။ ကျွန်တော် တီထွင်ဆန်းသစ်တာတစ်ခုခုလုပ် ချင်ပါတယ်။ စိန်ခေါ်မှုအတွက် ပြင်ဆင်ထားပါတယ်’’ဟု ရော် နယ်ဒိုက ပြောသည်။

လက်ရှိတွင် ၎င်း၏ ဘဝအကြောင်း ရုပ်သံအစီအစဉ်ရိုက်ကူး နေပြီး ဘောလုံးလောက၌ တစ်ထောင့်တစ်နေရာက ဆက်လက် ပါဝင်လိုသည်ဟု ပြောသည်။