Login

Live Score

 

ဒေါ့မွန်တိုက်စစ်မှူး အော်ဘာမီယန်ကို အာဆင်နယ်ခေါ်ယူ၊ အိုဇေးလ်ကို စာချုပ်သက်တမ်းတိုး

 ဒေါ့မွန်တိုက်စစ်မှူး အော်ဘာမီယန်ကို ကလပ်စံချိန် တင်ကြေးဖြင့် ခေါ်ယူခဲ့ကြောင်း အာဆင်နယ်က အတည်ပြုကြေ ညာသည်။

 

ဂါဘွန်လက်ရွေးစင် အော် ဘာမီယန်ကို ရေရှည်စာချုပ်ဖြင့် ခေါ်ယူကြောင်း အာဆင်နယ်က ကြေညာသော်လည်း စာချုပ်သက် တမ်းကို အတည်ပြုခြင်းမရှိ သေးပေ။ အော်ဘာမီယန် အာ ဆင်နယ်တွင် ဝတ်ဆင်မည့် ကျောနံပါတ်ကို မကြာမီကြေညာ မည်ဖြစ်သည်။

ဒေါ့မွန်က ၎င်း၏နေရာတွင် အစားထိုးရန် ချယ်လ်ဆီးမှ ဘယ်လ်ဂျီယံလက်ရွေးစင် ဘက် ရွှာရီကိုခေါ်ယူပြီးမှ အော်ဘာမီ ယန်အား ပေါင် ၅၈ သန်းဖြင့်ပြောင်းရွှေ့ခွင့်ပြုခြင်းဖြစ်သည်။

အာဆင်နယ်က ဇန်နဝါရီ အပြောင်းအရွှေ့တွင် မာဗရိုပါနို့စ် နှင့် မစ်ခီတာယန်တို့ကို ခေါ်ယူ ပြီးနောက် တတိယကစားသမား အဖြစ် အော်ဘာမီယန်ကို ခေါ်ယူ ခြင်းဖြစ်ကာ တိုက်စစ်မှူးဂျီရော့ဒ် ကို ချယ်လ်ဆီးသို့ ပြောင်းခွင့်ပြု ရန် ပြင်ဆင်ထားသည်။

အော်ဘာမီယန်သည် ၂၀၁၃ ဇူလိုင်က ဒေါ့မွန်သို့ ရောက်လာပြီး ၁၄၄ ပွဲတွင် ၉၈ ဂိုးသွင်း ယူကာ ဘွန်ဒက်စ်လီဂါ၌ ၃၁ ဂိုးဖြင့် ပြီးခဲ့သည့် ရာသီက ဂိုး သွင်းဘုရင်ဖြစ်ခဲ့သည်။

‘‘အော်ဘာမီယန်ကြောင့် ကျွန်တော်တို့အသင်း တိုက်စစ် အားကောင်းလာပါမယ်’’ ဟု အာ ဆင်နယ်နည်းပြ ဝင်းဂါးက ပြော သည်။ ထိုအတောအတွင်း အာဆင်နယ်က ဂျာမန်တိုက်စစ်မှူး အိုဇေးလ်ကို ၂၀၂၁ နွေရာသီအ ထိ သက်တမ်းရှိသော စာချုပ်သစ် တစ်ရပ် ချုပ်ဆိုခဲ့သည်။

အိုဇေးလ် (၂၉) နှစ်သည် စာချုပ်သစ်ကြောင့် တစ်နှစ်လျှင် ပေါင် ၁၂ သန်းရမည်ဖြစ်သည်။ အိုဇေးလ်သည် မန်ယူ၊ ပီအက်စ် ဂျီနှင့် ဘာစီလိုနာတို့က ခေါ်ယူ ရန် စိတ်ဝင်စားမှုများကို ဂရုမစိုက် ဘဲ အာဆင်နယ်တွင် ဆက်လက် နေရန် ဆုံးဖြတ်ခဲ့သည်။

၎င်းကိုတရုတ်ကလပ် ဂွမ် ကျိုးကလည်း တစ်နှစ်လျှင်ပေါင် ၂၅ သန်းဖြင့် ခေါ်ယူရန် ကမ်း လှမ်းခဲ့သည်။

အာဆင်နယ်သည် လော လောဆယ်တွင် ရလဒ်များဆိုးရွား နေပြီး ပရီးမီးယားလိဂ်အဆင့် (၆) နေရာ၌ ရပ်တည်နေသည်။