Live Score

 

ရိုးမားအသင်းနှင့် စာချုပ်သက်တမ်းတိုးခဲ့သည့် ကတ်စ်တန်

လီယိုနာဒို ကတ်စ်တန်သည် ရိုးမား အသင်းနှင့် (၄)နှစ် သက်တမ်းတိုး ချုပ်တစ်ရပ်တွင် လက်မှတ်ရေးထိုး လိုက်ကြောင်း သိရသည်။

ဘရာဇီး ကစားသမား ကတ်စ်တန်သည် ယမန်နှစ် ရာသီက စီးရီးအေ ပြိုင်ပွဲတွင် အဆင့်(၂)နေရာ ရရှိခဲ့သည့် ရိုးမား အသင်း အတွက် အဓိက ကစားသမား တစ်ဦးဖြစ်ခဲ့ကာ လိဂ်ပွဲစဉ် (၃၆)ပွဲ ပါဝင် ကစားခဲ့ပြီး (၂၅)ဂိုး သွင်းယူနိုင်ခဲ့သူ ဖြစ်သည်။ ကတ်စ်တန်နှင့် ရိုးမား အသင်းတို့ ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းမှာ (၂)နှစ် ကျန်ရှိနေသော်လည်း အသင်းမှ ၎င်းအား စာချုပ်သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ပြီး ယခုလို သက်တမ်းတိုးခဲ့ခြင်းကြောင့် ၎င်းအား အသင်းတါင် (၂၀၁၈) ဇွန်လအထိ ဆက်လက် ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။