Live Score

 

ဒေ၀ါလီခံမည့် ပါးမားအသင်းကို အီတလီ ပရော်ဖက်ရှင်နယ်လိဂ်မှ ဒေါ်လာ ၅ သန်းကူညီ

အီတလီ စီးရီးအေမှ ဒေ၀ါလီ ခံရတော့မည့် ပါးမားအသင်းအား အီတလီ ပရော်ဖက်ရှင်နယ် ဘောလုံးလိဂ်မှ ယခုနှစ် ဘောလုံးရာသီကုန်အထိ ဆက်လက် ယှဉ်ပြိုင် ကစားခွင့် ရနိုင်ရန် အတွက် ဒေါ်လာ ၅ သန်း ကူညီထောက်ပံ့ခဲ့သည်။

ပါးမား အသင်းသည် ငွေကြေး ပြဿနာကြောင့် ဒေ၀ါလီ ခံရတော့မည့် အခြေအနေ ရှိနေပြီး၊ ကစားသမားများအား လစာ မပေးနိုင်ခြင်း၊ အူဒီးနီးနှင့်ပွဲတွင် လုံခြုံရေး ကုန်ကျစရိတ်များ မပေးနိုင်ခြင်းများကြောင့် စီးရီးအေပွဲစဉ် ၂ ပွဲ မကစားနိုင်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် အီတလီ ဘောလုံးအဖွဲ့ချုပ် (FIGA) နှင့် (Lega) တာဝန် ရှိသူများသည် ပါးမားအသင်း ပြဿနာ ဖြေရှင်းပေးရန် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး၊ အရေးပေါ်ရန် ပုံငွေမှ ယူရို ၅ သန်း ချေးငှားရန် သဘောတူခဲ့သည်။ စီးရီးအေ ကလပ်အသင်း (၂၀) အနက် ၁၆ သင်းက ယခုကူညီမှုကို ထောက်ခံခဲ့ပြီး၊ စီဆီနာ အသင်းက ကန့်ကွက်ခဲ့သည်။ အကယ်၍ ပါးမားအသင်းအား ဒေ၀ါလီ ခံကြောင်း ဆုံးဖြတ်ခံရပါက ပွဲစဉ်တိုင်း ၃-၀ ဖြင့် အရှုံးပေးရမည်ဖြစ်သည်။